spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

နိုင်ငံရေးအသိပညာနိုးကြားစေမည့် ဘာသာရပ်များ ပညာရေးစနစ်တွင် ထည့်သွင်းစေလို

Author

Date

Category

မူအက်စတာ

လူငယ်များ နိုင်ငံရေးအသိပညာ တိုးပွားလာစေရန်အတွက် ပညာရေးစနစ်တွင် နိုင်ငံရေးအသိပညာနိုးကြားစေသည့်ဘာသာရပ်များ ထည့်သွင်းသင်ကြားပေးရန် လိုအပ်နေသည်ဟု ကရင်နီလူမှုဖူလုံရေးနှင့်ဖွံ့ဖြိုးရေးပင်မ (KSWDC)မှ ပြည်တွင်းစီမံကိန်းတာဝန်ခံ ကိုဗညားက ပြောသည်။

နိုင်ငံရေးအသိပညာမရှိခဲ့သည့်အတွက် နိုင်ငံတော်တည်ဆောက်မှုအပိုင်းတွင် ပြည်သူများကိုအလုပ်အကျွေးပြုလုပ်ပေးမည့် မူဝါဒရေးဆွဲရန် အသိတရားအားနည်းစေသည်ဟု ၎င်းက ဆိုပါသည်။

“နိုင်ငံရေးအသိအမြင်ဖွံဖြိုးမှ နိုင်ငံကိုဘယ်လိုတည်ဆောက်မယ် ဘယ်လို မူပေါ်လစီတွေချမှတ်မလဲ ကဏ္ဍအစုံမှာလဲ ဘယ်လိုမျိုးလုပ်မလဲ ပြည်သူတွေကို ဘယ်မျိုးအလုပ်အကျွေးပြုမလဲ၊ မတူကွဲပြားမှုတွေကို ဘယ်လိုအတူယှဉ်တွဲနေထိုင်လို့ရမလဲ စတဲ့အရာတွေကို သိလာမှာပါ။”ဟု ကိုဗညားက ပြောသည်။

နိုင်ငံတွင်ရှိနေသော နိုင်ငံသားတိုင်း၊ လူမျိုးတိုင်းသည် နိုင်ငံရေးအမြင်ရှိရန် မဖြစ်မနေလိုအပ်ကြပြီး နိုင်ငံရေးအမြင်မရှိပါက အရာရာနောက်ကျကျန်နေမည်ဖြစ်ကြောင်းနှင့် ၎င်းဘာသာရပ်ကို ကလေးဘဝတည်းက အစပျိုးထားနိုင်ရင် အဆင်ပြေမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူဖြစ်သည့် ဦးစိန်ဝင်းက ပြောသည်။

“ကလေးဘဝကစပြီး အစပျိုးထားပေးနိုင်ရင် ကောင်းတာပေါ့ နိုင်ငံကိုချစ်စိတ် လူမျိုးကိုချစ်စိတ်တွေရှိမယ်မူလတန်းဆိုရင်တော့ နိုင်ငံရေးဆိုတဲ့စကားလုံးတော့ သုံးဖို့မလိုအပ်ဘူးလို့ထင်တယ်။ ဒါပေမယ့် အခြေခံအချက်တွေ၊ နေ့စဉ်သုံးစကားပုံစံမျိုးနဲ့ထည့်သွင်းနိုင်ရင်ကောင်းမယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

လက်ရှိ ပညာရေးစနစ်တွင်ရှိနေသည့် ဖွံ့ဖြိုးရေးဘာသာရပ်များကို တွဲဖက်ဘာသာရပ်အဖြစ်ရှိထားသော်လည်း လက်တွေ့တွင် သီးသန့်ခန့်အပ်ထားသည့် ကျောင်းဆရာ/မများမရှိသည့်အတွက် သင်ကြားမှုမှာ ထိရောက်မှုမရှိကြောင်း၊ အထူးပြုဘာသာရပ်များသင်ကြားနေသည့် ဆရာများက သင်ပေးရန်လည်း အချိန်မရှိကြောင်းကို ဒီးမော့ဆိုမြို့ အထက်တန်းကျောင်းမှ ဆရာမတစ်ဦးက ပြောသည်

spot_img
spot_img
spot_img

Recent posts