spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းတစ်နေရာကို ယမန်နေ့ (စက်တင်ဘာလ ၁၈ ရက်) ည ၁၀ နာရီဝန်းကျင် အချိန်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရှိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဇနီးမောင်နှံ ၂ ဦးနဲ့ တူမဖြစ်သူတို့ အိပ်စက်နေတဲ့ နေအိမ် အနီးကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၃၈ နှစ်အရွယ်ဖြစ်သူ အမျိုးသမီးရဲ့နောက်ကျောကို လက်နက်ကြီးစထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“၁၀နာရီခွဲချိန်မှာ လက်နက်ကြီးကျတဲ့ချိန်မှာ ဘားမှမသိဘူးကော။ သူတို့အိပ်တဲ့ချိန် စကားတစ်ခွန်းမှတောင် မပြောလိုက်ရဘဲ။ သူ့အနောက် ပုခုံးကနေ လက်နက်ကြီးထိပြီး စိတ် (ရင်ဘတ်) တည့်တည့် ထိသွားတယ်။ တစ်ခါတည်းသေသွားတယ်။ သူအမျိုးသားက တံခါးသွားဖွင့်မလို့ မဖွင့်ရသေးဘူး လက်နက်ကြီးကျတော့ မှောက်အိပ်နေလိုက်တယ် သူ့ကိုတော့ မျက်လုံးနားနည်းနည်း ခြေထောက် အနည်းငယ်ဘဲ ဒါဏ်ရာရသွားတယ်” လို့ သေဆုံးသူအမျိုးသမီးနဲ့ ဆွေမျိုးတော်စပ်သူတစ်ဦးက ပြောပါတယ်။

ခင်ပွန်းဖြစ်သူမှာ အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ်အောက်ထပ်မှာရှိနေတဲ့ ၁၇နှစ် အရွယ် တူမဖြစ်သူလည်း ဦးခေါင်းမှာ ထိခိုက်ဒဏ်ရာခဲ့တယ်လို့ ဆိုပါတယ်။

“သူ့တူမတစ်ယောက်က သူ့ဦးခေါင်းထိပြီးဆေးရုံတက်တယ်။ ပြန်မလာသေးဘူး ဦးခေါင်းပြန်ချုပ်လိုက်ရတယ်လို့ပြောတယ်။ သွားလည်းမကြည့်ရသေးဘူး” လို့ ဆွေမျိုးတော်စပ်သူက ဆက်ပြောပါတယ်။

ယမန်နေ့က စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည် ၂ လုံး ဟာ စစ်ရှောင်စခန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ မည်သည့်တပ်ရင်းကနေ ပစ်ခတ်တယ်ဆိုတာကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

spot_img
spot_img
spot_img

Recent posts