spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

မယ်စဲ့က ကိုယ်ဝန်ဆောင်မိခင် သုံးဆယ်ကျော်အတွက် အစာအာဟာရ နဲ့ အသုံးဆောင်ပစ္စည်းတွေ လိုအပ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ထိုင်း-ကရင်နီနယ်စပ် မယ်စဲ့မြို့နယ်က စစ်ရှောင်စခန်းတွေမှာနေထိုင်တဲ့ ကိုယ်ဝန်ဆောင်မိခင် သုံးဆယ်ကျော်အတွက် အစာအာဟာရအပြင်၊ အသုံးအဆောင်ပစ္စည်းတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကိုကူညီနေတဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO ) အဖွဲ့ဝင် မော်ပိုးပို က ပြောပါတယ်။

“အဓိက လိုအပ်တာကတော့ သူတို့အတွက် အာဟာရ အစားအစာပေါ့နော်။ ပြီးတော့ ဆောင်းတွင်း ဝင်တော့မယ်ဆိုတော့ သူတို့တွေအတွက် အနွေးထည်တွေ၊ စောင်တွေ၊ ပြီးတော့ သူတို့သုံးနေတဲ့ ခြင်ထောင်ယူလာထားတာကြာပြီဆိုတော့ ခြင်ထောင်တွေတချို့ ပြန်လိုတော့မယ်ပေါ့နော်။ အထူးသဖြင့် ဒီ အစာအာဟာရ နဲ့ ပတ်သက်တာရယ်၊ သူတို့ရဲ့ အနွေးထည် သူတို့အတွက် လိုအပ်တော့မယ်ပေါ့နော်။” လို့ မော်ပိုးပိုက ပြောပါတယ်။

ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) အနေနဲ့ မယ်စဲ့ စစ်ရှောင်စခန်းက ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ထောက်ပံ့မှုတွေပေးထားပေမဲ့ လိုအပ်မှုရှိနေဆဲဖြစ်တယ်လို့ ဆိုထားပါတယ်။

ကိုယ်ဝန်ဆောင် မိခင်တွေကို သာမန်လူထုတွေထက် ထောက်ပံ့ပေးနိုင်ဖို့ လိုအပ်သလို၊ သူတိုရဲ့ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေကိုလည်း ကူညီထောက်ပံ့ဖို့လိုအပ်တယ်လို့ မော်ပိုးပိုက ဆက်ပြောပါတယ်။

“အဓိက ကတော့ ဒီ မယ်စဲ့ ဘက်မှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေက သူတို့က အခြား လူထုတွေထက် ပိုပြီးတော့မှ ကူညီထောက်ပံ့ဖို့ လိုအပ်တယ်။ ပြီးတော့ သူတို့ရဲ ကျန်းမာရေးရော၊ စိတ်ပိုင်းရော ပေါ့နော် နှစ်ခုစလုံးက အရေးကြီးတာပေါ့နော်။ အဲ့တာကြောင့် သူတို့တွေကို ဖြစ်နိုင်ရင် အကူညီ ထောက်ပံ့တွေ ရှိရင် ဒီဘက်က ကိုယ်ဝန်ဆောင်မိခင်တွေကို ကူညီပံ့ပိုးခိုင်းစေချင်တယ်ပေါ့နော် “ လို့ သူက ပြောပါတယ်။

မယ်စဲ့မြို့နယ်အတွင်းမှာ ပြန့်ကျဲနေထိုင်တဲ့စစ်ရှောင်စခန်း ကိုးခု ရှိနေပြီး လူဦးရေ တသောင်းနီးပါး ရှိတယ်လို့ လူမှုကူညီရေး အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts