- ဘောလခဲမြို့နယ်အတွင်း အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေကို ၁၀ ရက်အတွင်း ရွေ့ပြောင်းဖို့ တော်လှန်ရေးတပ်ပေါင်းစုက နှိုးဆော်ထားပါတယ်။
- ဝါရီဆူးပလိုင်ကျေးရွာအတွင်း ရွာခံဖြစ်ကြောင်း အတည်ပြုနိုင်တဲ့ အမျိုးသား လူအရိုးစု တစ်ခုထပ်မံတွေ့ရှိခဲ့ပါတယ်။
- ဒီးမော့ဆိုမြို့နယ် ကျွန်းပင်ကုန်း (၂) စစ်ရှောင်မှာ ကလေး/လူကြီး အပါအဝင် အရေပြားရောဂါ အဖြစ်များပြီး ဆေးဝါးကူညီ လိုအပ်နေပါတယ်။
- ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်မှာ Karenni Culture Learning Center ဖွင့်ပွဲပြုလုပ်ခဲ့ပြီး အခမ်းအနားကို မယ်ဟောင်ဆောင်ခရိုင်ဝန်ကြီး တက်ရောက်ခဲ့ပါတယ်။
ကန္တာရဝတီတိုင်း (မ်) ရဲ့ ရုပ်သံသတင်းကို တင်ဆက်ပေးခဲ့တာပါ။ ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်များအားလုံး ဘေးကင်းလုံခြုံပြီး လိုအင်ဆန္ဒပြည့်ဝကြပါစေရှင့်။ ကျမမော်ညားမာပါ။