spot_imgspot_imgspot_imgspot_img
Friday, March 14, 2025
spot_imgspot_imgspot_imgspot_img

စစ်ကောင်စီတပ်က ဖယ်ခုံမြို့ထဲက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို နေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ပစ်ခတ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီ-ရှမ်းနယ်စပ်က ဖယ်ခုံမြို့နယ်အတွင်းမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကနေ ကျေးရွာစာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းရှိရာဖက်ကို နေ့စဥ်ရက်ဆက် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖယ်ခုံဇုန်မှ တာဝန်ရှိသူတဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရက်တိုင်းက သူတို့ စစ်ကောင်စီအနေနဲ့ ဒီလောလောဆယ် ဖယ်ခုံမြို့ရဲ့ အထွက်မှာရှိတဲ့ ကုန်းဆုံ၊ လွယ်ပတာ၊ ရွှေပြည်အေး ၊မိုင်းဖြတ်၊ ဒီ ဗန်းမောက် စသဖြင့် ရွာတွေရဲ့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေကို လက်နက်ကြီးနဲ့ ပစ်တာတော့ ရက်တိုင်းနီးပါးလိုလို ရှိပါတယ်။” လို့ KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူတဦးက ဆိုပါတယ်။

ဖယ်ခုံမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနှစ်ခုဖြစ်တဲ့ ရွှေပြည်အေး နဲ့ လွယ်ပတာ စခန်းကုန်းတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာလ တတိယပတ်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ နောက်ပိုင်း နေ့စဉ်ရက်ဆက်ပစ်ခတ်မှုတွေကို စစ်ကောင်စီက ပြုလုပ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်တာတွေ၊ အဆောက်အဦး ထိခိုက်ပျက်စီးမှုတွေရှိနေပေမဲ့ စာရင်းအတိအကျကို အတည်မပြုနိုင်သေးဘူးလို့လည်း KNDF ဖယ်ခုံဇုန်မှ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ဒီစစ်ကောင်စီဖက်ကနေပြီးတော့ ကျေးရွာထဲကို လှမ်းပစ်တာ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် လူထုသေဆုံးတာတွေလည်း ဆက်တိုက်ပဲ ရှိနေတယ်”လို့ သူက ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဖက်က ဖယ်ခုံမြို့အဝင်အထွက်ကို ထိန်းချုပ်ထားပြီး ပြည်သူတွေအနေနဲ့ စစ်ရေးအခြေအနေအရ အသွားအလာမပြုလုပ်ကြဖို့ကိုလည်း တိုက်တွန်းပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts