KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်၊ (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– တစ်ဆင့်နှိမ့်ခွဲခြားဆက်ဆံခံရတဲ့ အမျိုးသမီးတွေအတွက် အကာအကွယ်ပေးနိုင်မယ့် ယန္တရားတည်ဆောက်ဖို့လိုတယ်လို့ IEC ပြော
– ကယန်းအမျိုးသမီးအစည်းအရုံးမှ (၁၆) ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပ
– စစ်ရှောင်စခန်းက အရေးပေါ်လူနာအတွက် ဆေးခန်း ထားရှိဖို့ လိုအပ်နေ စတဲ့သတင်းတွေအပါအဝင်
အင်တာဗျူးကဏ္ဍကနေပြီး “ထိုင်းနယ်စပ် ဖြတ်ကျော်ပြီး ဆေးကုသမှုအခြေအနေတွေ၊ ရံပုံငွေအသုံးစရိတ်အခြေအနေ နဲ့ နောက်ဆက်တွဲ အခြေအနေတွေကို IEC ရဲ့ ကျန်းမာရေးဌာနမှူးကြီး ခွန်းဖိလစ်နဲ့ တွေ့ဆုံမေးမြန်းခြင်း” ကိုလည်း ကြားကြားရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။