spot_imgspot_imgspot_imgspot_img
Thursday, December 26, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ စစ်သုံ့ပန်းတစ်ဦးကို PNLA ဖမ်းမိ

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့အတွင်းမှာ တိုက်ပွဲဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး တိုက်ပွဲအတွင်း PNLA က စစ်ကောင်စီ လက်အောက်ခံ စစ်သုံ့ပန်းတစ်ဦးကို ဖမ်းမိတယ်လို့ ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် PNLA က အသိပေး ထုတ်ပြန်ထားပါတယ်။

အဆိုပါ ဖမ်းမိတဲ့ စစ်သုံ့ပန်းဟာ ရွှေဘိုမြို့မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းကို တက်ရောက်ပြီးနောက် ဆီဆိုင်တိုက်ပွဲကို ပို့ဆောင်ခံရတဲ့ သူတစ်ဦးဖြစ်ပါတယ်။ အဆိုပါ စစ်သုံ့ပန်းဟာ ဆီဆိုင်ကို ရောက်ရှိတာ ၁ လ မပြည့်သေးဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီက ဆီဆိုင်မြို့အရှေ့ဖက်ကို စစ်ကြောင်းထိုးလာပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ အဆိုပါ ဖမ်းဆီးမိတဲ့ စစ်သုံ့ပန်းတစ်ဦးအပြင် စစ်ကောင်စီတပ်သား အလောင်း ၃လောင်း၊ MA1 သေနတ် ၁ လက် နဲ့ ဒရုန်းတစင်းကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီဟာ ဆီဆိုင်မြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၆ရက်နေ့ကစပြီး လက်ရှိအချိန်ထိ လက်နက်ကြီးပစ်ခတ်မှုတွေ စစ်ကြောင်းထိုးလာမှုတွေကြောင့် ပြည်သူ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပါတယ်။

“ထွက်ပြေးကြတဲ့အချိန်ဆို ဖိနပ်မပါတဲ့သူတွေပါတယ်လေ။ စားဖို့သောက်ဖို့လည်း မပါကြဘူး။ အခုကမိုးရာသီလည်းဖြစ်တော့ တောထဲပဲရှောင်ကြတာကော။ မိုးကာလည်းလိုတာပေါ့”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ပြည်သူတွေဟာ ဆိုက်ခေါင်၊ တောင်ကြီး နဲ့ ဟိုပုံးမြို့နယ်အတွင်းက တောတောင်ထဲမှာ တိမ်းရှောင်နေကြပြီး အလှူရှင်အဖွဲ့အစည်းနဲ့ ချိတ်ဆက်ဆောင်ရွက်မှုတွေ မရရှိတာကြောင့် စားနပ်ရိက္ခာ၊ဆေးဝါး နဲ့အမိုးအကာတွေ လိုအပ်နေကြတယ်လို့ သိရပါတယ်။

spot_img
spot_img