spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

တရားဥပဒေစိုးမိုးရေးအတွက် အရေးပေါ်စီမံချက်တွေ စတင်နေပြီလို့ IEC ပြော

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ IEC ရဲ့ တရားဥပဒေစိုးမိုးရေးအစီမံ ကို စက်တင်ဘာလ ကုန်မှာ စတင်အကောင်ထည်ဖော်လုပ်‌ဆောင်နေပြီဖြစ်ပြီး အရေးပေါ် အစီမံတွေလည်း လုပ်ဆောင်နေတယ်လို့ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ပြောပါတယ်။

“အရေးပေါ်စီမံချက်တွေကိုတော့ ဒီကြားထဲမှာ လုပ်‌ဆောင်နေတာရှိတယ်ပေါ့နော။ အရေးပေါ်စီမံချက်ဆိုတာကတော့ လျှပ်တစ်ပျက်စစ်ဆေးမှုတွေ လုပ်နေတာရှိပါတယ်” လို့ ပြောပါတယ်။

တရားဥပဒေစိုးမိုးရေးအစီမံ တစ်ရပ်ကို IEC က စတင်ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလ ၄ ရက်နေ့ကစလို့ စက်တင်ဘာလ ၂၄ ရက်အထိ လူထုပညာပေးရေးကို လုပ်ဆောင်ခဲ့တာပါ။ အကောင်ထည်ဖော်ကာလမှာလည်း ပညာပေးလုပ်ငန်းတွေကို အားစိုက်လုပ်ဆောင်နေရဆဲဖြစ်တယ် လို့ပြောပါတယ်။
မူးယစ်ဆေးဝါး၊ တော်လှန်ရေးနဲ့ လူမှုကျင့်ဝတ်နဲ့မညီတဲ့လုပ်ငန်း၊ တရားမဝင်လက်နက်ကိုင်ဆောင်မှု ရောင်းဝယ်ဖောက်ကားမှု နဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို အထူးတားမြစ်စီမံဆောင်ရွက်သွားမယ်လို့ IEC က ပြောထားတာပါ။

KTV လုပ်ငန်းတွေမှာလည်း သက်ဆိုင်ရာရဲ့ ဝင်ရောက်သတိပေးမှုအကြိမ်ကြိမ်ရှိလာပြီး လိုက်နာခြင်းမရှိတဲ့ လုပ်ငန်းရှင်တွေက အဖမ်းခံရနိုင်ချေရှိလာနေပြီလို့လည်း KTV လုပ်ငန်းရှင်ဟောင်းတစ်ဦးကလည်း ပြောပါတယ်။

“ပြီးခဲ့တဲ့ ခေါက်တော့ ဖမ်းတော့မဖမ်းဘူး။ သတိတော့သွားပေးတယ်။ ဒါမဲ့ ဒီခေါက်ဖွင့်မယ်ဆိုတော့ဖမ်းဖို့လုပ်ဆောင်နိုင်တဲ့ အတိုင်းအတာတော့ရှိမယ်ထင်တယ်။ သတိပေးပြီးပြီဆိုတော့ ။တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့” လို့ KTV လုပ်ငန်းရှင်ဟောင်းတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီး‌‌မော့ဆိုအနောက်ခြမ်းမှာ လုပ်ငန်းရှင်တွေက ဖွင့်ထားတဲ့ KTV လုပ်ငန်းများ ၉ ခုရှိလာတယ်လို့ လုပ်ငန်းရှင်ဟောင်းဆီက သိရပါတယ်။

ဒါပေမဲ့ သာမာန်စိတ်အပန်းဖြေရာ ဖျော်ဖြေရေးနေရာတစ်ခုထက်ပိုတဲ့ မူးယစ်ဆေးဝါးကိစ္စ၊ တရားမဝင် လက်နက် ရောင်းဝယ်မှုအပြင် လိင်ဖျော်ဖြေမှုတွေ ရှိလာနေတာကြောင့် သက်ဆိုင်ရာနယ်မြေရဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးသတိပေးမှုတွေ လုပ်ဆောင်ရတာဖြစ်တယ်လို့လည်း IEC က ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုများ၊ သတိပေးဆောင်ရွက်မှုများ၊ ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုတွေကို IEC ကသက်ဆိုင်ရာနယ်မြေတာဝန်ရှိသူတွေနဲ့ အတူ special force အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

spot_img
spot_img

Recent posts