spot_imgspot_imgspot_imgspot_img
Friday, December 27, 2024
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့နယ်ထဲကိုရောက်ရှိနေတဲ့ ကရင်နီစစ်ရှောင် သုံးသောင်းဝန်းကျင်အတွက် နေရာထိုင်ခင်းနဲ့ အမိုးအကာ လိုအပ်မှုရှိနေဆဲ၊ ထောက်ပံ့မှုမရတဲ့ စစ်ဘေးရှောင်များ အခက်ကြုံနေရ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကိုရောက်နေတဲ့ ကရင်နီစစ်ဘေး‌ရှောင် သုံးသောင်းဝန်းကျင်အတွက် လက်ရှိအချိန်ထိ နေရာထိုင်ခင်းနဲ့ အမိုးအကာတွေ လိုအပ်မှုရှိနေဆဲဖြစ်တယ်လို့ ကရင်နီစစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရှိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေဟာ ဘုန်းကြီးကျောင်း၊ ဇရပ် ၊ ဘုရားကျောင်း စတဲ့နေရာတွေမှာ နေထိုင်ကြပြီး၊ လူများနေတာကြောင့် တချို့တွေမှာလည်း အဆင်ပြေသလို မြေကြီးပေါ်မှာ အိပ်ချနေရတာတွေရှိတယ်လို့ စစ်ရှောင်ကူညီပေးနေသူတဦးက ပြောပါတယ်။

“လိုနေတာက အဆောက်အဦးပိုင်းပေါ့။ လူဦးရေ အရမ်းများတော့ နေစရာက လူတွေထူထပ်နေတဲ့ခါကျတော့ နေထိုင်ရေး ဆင်မပြေဘူး။ ခုန အဆောက်အဦးလေးတွေ ယာယီတဲလေးတွေ သေချာလုပ်ပြီးမှ အဆင်ပြေမယ်ထင်တယ်။ ဥပမာ- မြန်မြန်မပြန်ရဘူး ခုဆိုသူတို့လာတာ တလ အသစ်တွေပေါ့ ။ တလတော့ကျော်နေပြီး အဟောင်းမှာမှ နှစ်နှစ် သုံးနှစ်လောက်ရှိနေပြီး ဆိုတော့လေ ရေရှည် ဘယ်လို ဖြစ်လာမလဲ မပြောတတ်တဲ့ခါကျတော့ သူတို့နေတဲ့ နေရာက လောလောဆယ် တချို့ တဲ၊ မိုးကာလေးတွေနဲ့ နေကြတယ်။ တချို့တော့ ကြိုက်သလိုနေ မြေကြီးပေါ်မှာအိပ်တဲ့လူတွေ အများကြီးရှိသေးတယ်” လို့ သူက ပြောပါတယ်။

တိမ်းရှောင်သွားချိန်မှာ မော်တော်ဆိုင်ကယ်နဲ့သာ သွားတာကြောင့် စားနပ်ရိက္ခာတွေလည်း မသယ်ယူနိုင်ခဲ့ဘဲ ဆီဆိုင်မြို့ကို ရောက်ရှိနေတာ တလကျော်ကြာပြီဖြစ်ပြီး၊ ယနေ့အချိန်အထိ အထောက်အပံ့တစုံတရာ မရရှိသေးတဲ့အပြင် ရှာဖွေလုပ်ကိုင်စရာ အလုပ်တွေလည်းမရှိတာကြောင့် ခက်ခဲနေတယ်လို့ လွိုင်ကော်မြို့ကနေ တိမ်းရှောင်သွားတဲ့ အမျိုးသားတဦးက ပြောပါတယ်။

“စစ်ရှောင်စခန်းမှာ လူတွေပြည့်နေတော့ ကျနော်တို့က ဥတ္တရာရုံကျောင်းမှာ လိုက်နေတာ။ အဲ့ကျောင်းမှာ ပေးနေတယ်။ ဒါပေမဲ့ ကိုယ့်ဖာသာကို လုပ်စားပေါ့။ ထောက်ပံ့မှုတော့ မရှိဘူးပေါ့။ တခါမှ မရဖူးသေးဘူး။” လို့ အဆိုပါ အမျိုးသားက ဆက်ပြောပါတယ်။

ဒါ့အပြင် ကျန်းမာရေးပိုင်းတွေမှာလည်း နာတာရှည်ဖြစ်ပွားတာတွေ၊ မကျန်းမာတဲ့သူတွေ ရှိသလို အနွေးထည် စောင်၊ အိပ်ယာခင်းတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

လက်ရှိ ကရင်နီပြည်မှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အပြင် လေကြောင်းတိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်ဘက်ကို လာရောက်ခိုလှုံနေကြတဲ့ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာများကို ကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီနဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ တိုက်ပွဲကြောင့် တိမ်းရှောင်နေကြရတဲ့ လူထု သုံးသိန်းအထိ ရှိလာတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားထားပါတယ်။

spot_img
spot_img
spot_img

Recent posts