KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၈)ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လောပိတ အမှတ်(၂) စက်ရုံကို (၆) လအတွင်း ပြန်လည်ပြုပြင်နိုင်ဖို့ ကျေးရွာအလိုက် လုပ်အားပေးခေါ်ယူ၊ စစ်ကောင်စီတပ်က လုံခြုံရေး အပြည့်ယူထား
– ဆေးဆိုင်မှာ ဆေးဝါးပြတ်လပ်နေတာကြောင့် အကန့်အသတ်နဲ့ ဝယ်ယူနေရ
– ဘောလခဲဗျူဟာတပ်ကို ရဟတ်ယာဥ်နဲ့ စစ်ကူထပ်ဖြည့်ပြီး ဒဏ်ရာရလူနာကို ရဟတ်ယာဥ်ဖြင့်တင်ဆောင်သွား
– ဖယ်ခုံမြို့မှာ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံနေအိမ်တွေကို စစ်ကောင်စီတပ် မီးရှို့ခဲ့ စတဲ့သတင်းတွေအပါအဝင်
အမျိုးသမီးကဏ္ဍကနေပြီး “ခွဲခြားဆက်ဆံမှုနဲ့ အာဏာရှင်စနစ်ကို တော်လှန်နေသူ “မူစဲ” အကြောင်းကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ဒေသတွင်းသီချင်းတွေ၊ VOA နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားရမှာပါ။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။