spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

သံလွင်မြစ်ရေလွှမ်းမှုကြောင့် ဖားဆောင်းစစ်ရှောင်နဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းဧကပေါင်း ၁၀၀၀ နီးပါးပျက်စီးခဲ့

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာ မြစ်ရေမြှင့်တက်လာပြီး မြစ်ဘေးက ဖားဆောင်းစစ်ရှောင်တွေ နဲ့ ဒေသခံတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေထဲထိ ရေလွှမ်းမိုးခဲ့တာကြောင့် သီးနှံစိုက်ခင်းဧက ပေါင်း ၁၀၀၀ နီးပါးပျက်စီးသွားတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဧက (၁၀၀၀)နီးပါးလောက်တော့ ပျက်စီးသွားတယ်ပေါ့နော်။ ဒီသံလွင်မြစ်ရေ မြှင့်တက်မှုကြောင့်ပေါ့။ စိုက်ပျိုးသီးနှံတွေအားလုံးလည်း ဆုံးရှုံးသွားတယ်”လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။

ရေမြှင့်တက်လာမှုကြောင့် သီးနှံစိုက်ခင်းတွေအပြင် လူနေအိမ်နဲ့ ဆိုင်ကယ်တွေလည်း မျောပါသွားတာရှိတယ်လို့ စစ်ရှောင်တွေဆီကနေ သိရပါတယ်။

ဖားဆောင်းမြို့ပေါ်တိုက်ပွဲ ဖြစ်ပွားပြီးနောက် ပြည်သူတချို့ဟာ ဖား‌ဆောင်းမြို့ အပြင်ဖက် တစ်နေရာကို ထွက်ပြေးတိမ်းရှောင်နေရင်း ရာသီသီးနှံတွေဖြစ်တဲ့ ဖရုံ၊ သခွါး၊ ခရမ်းချဉ်သီး နဲ့ အခြားဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးပြီး မော်ချီးဒေသကို သွားရောက် ရောင်းချကြတာဖြစ်ပါတယ်။ ဒါ့အပြင် နှမ်းကို ကျေးရွာခံတွေနဲ့အတူ စိုက်ပျိုးကြပြီး စားဝတ်နေရေးဖြေရှင်းနိုင်ဖို့အတွက် ပြန်လည်ရောင်းချကြပါတယ်။ လက်ရှိမှာတော့ စိုက်ပျိုးထားတဲ့ သီးနှံစိုက်ခင်း ပျက်စီးသွားတာကြောင့် ရေရှည်စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။

“အခုကျနော်တို့ဘေးကင်းရာ တောင်ပေါ်ဖက်ကို ရွေ့နေကြတယ်။ ဘာလိုအပ်ချက်တွေ ရှိနေလဲ ဆိုတော့ မိုးကာတွေ စားသောက်ကုန်တွေ ကလေးအသုံး‌အဆောင်ပစ္စည်းတွေ ဆေးဝါးတွေ လိုအပ်ချက် တွေရှိနေတယ်ပေါ့။ အဓိကကတော့ ရေပေါ့။” လို့ စစ်ရှောင်အမျိုးသား တစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၀ ရက်နေ့ကစလို့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံလွင်မြစ်ရေ မြှင့်တက်ခဲ့ပြီးနောက် မြစ်ဘေးတစ်လျှောက် ရေမြှင့်တက်မှုရှိခဲ့တာပါ။ လက်ရှိမှာတော့ ရေပြန်ကျပြီဖြစ်ပေမယ့် နေထိုင်လို့ အဆင်မပြေသေးတာကြောင့် မိုးကာတဲထိုးပြီး တောင်‌‌ကုန်းမြင့်ရှိရာ နေရာတွေမှာ တိမ်းရှောင်နေရပါတယ်။

အဆိုပါ ရေလွှမ်းမိုးတဲ့နေရာမှာ အိမ်ထောင်စု (၉၈)အိမ်ထောင်စုရှိပြီး လူဦးရေ (၂၀၀)ကျော်ရှိပါတယ်။

spot_img
spot_img
spot_img

Recent posts