KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၅) ရက် (တနင်္လာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
-ရေမကျသေးတာကြောင့် နန်းမယ်ခုံမြို့က ဒေသခံတွေရဲ့ စိုက်ပျိုးရေးထိခိုက်လာ
-ကရင်နီအမျိုးသားတိုးတက်ရေးပါတီက ပြုလုပ်တဲ့ ၈လကြာ အပတ်စဥ်(၇) ပါတီကေဒါ သင်တန်းဆင်းပွဲပြုလုပ်
-ထိုင်း-ကရင်နီ နယ်စပ်ရှိ စစ်ရှောင်စခန်းမှာ ၁၀ နှစ်အောက် ကလေးငယ်တွေ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ အဖြစ်များ
-ကရင်နီဒေသတွင်းရှိ ကလေးငယ်များ ခရစ္စမတ်မှာပျော်ရွှင်ဖို့ “မုန့်ဖိုးပေးစို့” ကမ်ပိန်းပြုလုပ်နေ
စတဲ့သတင်းတွေအပါအဝင်
အမျိုးသမီးကဏ္ဍကနေပြီး “မလျှော့သောဇွဲနဲ့ အိပ်မက်လမ်းပေါ် လျှောက်လှမ်းလာနေတဲ့ မော်ဆူးရဲ့ ပညာရေးခရီး”ဆိုတဲ့ အကြောင်းကို ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။