spot_imgspot_imgspot_imgspot_img
Tuesday, December 24, 2024
spot_imgspot_imgspot_imgspot_img

ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု နှစ်ဆတိုးလာတယ်လို့ KNWO ဆို

Author

Date

Category

ကန္တာရဝတီတိုင်း ( မ် )

အာဏာသိမ်းပြီးနောက် ပဋိပက္ခကာလအတွင်း အမျိုးသမီးတွေ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုဟာ ယခင်အာဏာမသိမ်းခင်ကာလထက် နှစ်ဆတိုးလာတယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံး ( KNWO ) ဥက္ကဌ မော်ဖရေမြာက ပြောပါတယ်။

“စစ်ပဋိပက္ခဖြစ်ပြီးတော့မှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေက တိုးမြှင့်လာတယ်ပေါ့နော်။ ဆိုတော့ အရင်တုန်းက ဆိုလို့ရှိရင် တစ်နှစ်မှာက ၂၀ ၊ ၃၀ ရောက်တယ်။ ဒါပေမယ့် အခုကာလမှာက အဲ့ထက် ၂ ဆပေါ့နော် တိုးလာပြီးတော့မှ ဝန်ဆောင်မှု လာယူတာရှိသလို တချို့ဟာကျတော့လည်း ကျမတို့နားကို တိုက်ရိုက်မလာဘဲနဲ့ ရှိတဲ့နေရာကနေပဲ ကျမတို့ ဝန်ဆောင်မှု ယူပေးတာမျိုးလည်း ရှိတာပေါ့နော်။” လို့ သူက ပြောပါတယ်။

အခုလို မြှင့်တက်လာတာဟာ လက်ရှိအချိန်အထိ တရားရေးတွေ ရာနှုန်းပြည့် မဆောက်ရွက်နိုင်တဲ့အတွက်ကြောင့်လည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။ ဒီလိုမြှင့်မားလာတဲ့ အမှုတွေအားလုံးထဲမှာ အိမ်တွင်းအကြမ်းဖက်မှုဟာ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

“အများဆုံးကတော့ အိမ်တွင်းအကြမ်းဖက်မှုကနေ ဒီရုပ်ပိုင်းဆိုင်ရာပေါ့နော်။ တချို့ဆိုလို့ရှိရင် ရိုတ်နှက်ပြီးတော့မှာ မျက်လုံးတဖက်လုံး သိပ်မမြင်ရတော့တဲ့ အထိ တချို့ဆိုလို့ရှိရင် လက်တွေ ကျိုးတဲ့အထိပေါ့နော်။ တချို့ဆိုလို့ရှိရင် နောက်ဆက်တွဲ ပကတိအတိုင်း ခန္ဓာကိုယ် ပြန်မဖြစ်တော့တဲ့ အနေအထားမျိုးမှာလဲ ရှိတယ်။” လို့ သူကပြောပါတယ်။

ဒီလိုအကြမ်းဖက်ခံရသူတွေကို စိတ်ပိုင်းဆိုင်ရာကုစားမှုအပိုင်းတွေ KNWO အနေနဲ့ ဆောင်ရွက်ပေးတာရှိတယ်လို့ မော်ဖရေမြာက ဆက်ပြောပါတယ်။

“ရောက်လာရှိရင်တော့ အတတ်နိုင်ဆုံး ဖြစ်နေတဲ့ သူတို့ရဲ့ဖြစ်နေတဲ့ ခံစားချက်တွေကို ကျမတို့ ဖော်ထုတ်တယ်ပေါ့နော်။ သူ့ရဲ့အခက်အခဲက ဘယ်လိုဖြစ်နေလဲ။ သူက ဘာဖြစ်ချင်တာလဲ။ ဆိုတဲ့ဟာ မျိုးကို စနစ်တကျ သူ့နဲ့ တွေ့ပြီးတော့ plan တွေချတယ် ချပြီးတော့မှ နေ့စဉ်နဲ့အမျှ သူ့နဲ့နေပြီးတော့မှ အဖော်ပြုပြီးတော့မှာ counselling တွေကျမတို့ ပေးတယ်။” လို့ သူက ဆက်ပြောပါတယ်။

ကြားကာလအတွင်း အကြမ်းဖက်ခံရမှုတွေ လျော့နည်းလာဖို့အတွက် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ကနေ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနဖွဲ့စည်းပြီး အမှုတွေ တရားရုံးရောက်နိုင်အောင် ဆောင်ရွက်ပေးနေတာရှိတယ်လို့ IEC အတွင်းရေးမှူး ( ၁ ) ဦးဗညားက ပြောပါတယ်။

“လက်ရှိအခြေအနေမှာတော့ ကျနော်တို့ ဘက်က တရားရေးဌာနကလည်း ဥပဒေအကြံပေးရုံးကလည်း အခုမှ စပြီးတော့မှ အားကောင်းအောင် ဆောင်ရွက်နေတဲ့ အပိုင်းမှာ ရှိနေသေးတဲ့အတွက် အားနည်းချက်တော့ ရှိနေပါသေးတယ်။ ဒါပေမယ့် ဒီလုပ်ငန်းစဥ်ပေါ့နော။ အမျိုးသမီးနဲ့ ကလေးရေးရာဌာကနေပြီးတော့ သွားနေတဲ့ frame တစ်ခုတော့ ရှိတယ်။ နောက်ပြီးတော့ ဒီဘက်ခြမ်း KSP ကနေ ကူညီပံ့ပိုးမှုတွေရှိတယ်။ နောက်ပြီးတော့ တရားရေးဌာနကနေလည်း လိုအပ်တဲ့ ဥပဒေကြောင်းအရ အကြံပေးမှုတွေ လုပ်နေတာရှိပါတယ်။ ဒါကတော့ IEC တစ်စုံလုံးအနေနဲ့ သွားနေတဲ့ process တွေပဲ ဖြစ်ပါတယ်။”လို့ ဦးဗညားက ပြောပါတယ်။

KNWO ထံမှာ ၂၀၁၉ ကနေ ၂၀၂၄ ခုနှစ် ဇွန်လအထိ လာတိုင်ကြားတဲ့ အမှုပေါင်း ၃၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။ လက်ရှိကြားကာလအခြေအနေမှာလည်း အောက်ခြေအပိုင်းမှာ အမျိုးသမီးပါဝင်မှုအားကောင်းခဲ့ပေမယ့် ဆုံးဖြတ်ချက်ချနိုင်တဲ့ အခန်းကဏ္ဍမှာ ပါဝင်မှုက ၃၀ ရာခိုင်နှုန်းအထိ မရှိသေးဘူးလို့လည်း ဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts