spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

ကုန်စျေးနှုန်း အဆမတန်မြင့်တက်လာမှုကြောင့် ဖယ်ခုံအနောက်ခြမ်းက စစ်ဘေးရှောင်တောင်သူများ ခက်ခဲနေ

Author

Date

Category

CJ (ကန္တာရဝတီတိုင်း(မ်))

အာဏာသိမ်းပြီးနောက်ပိုင်း ဆန်၊ ဆီ၊ ဆားအပြင် ဓါတ်ဆီ၊ ဒီဇယ်နှင့် စိုက်ပျိုးရေးအတွက် အသုံးပြုတဲ့ ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ စျေးနှုန်း အဆမတန် မြင့်တက်လာမှာကြောင့် စိုက်ပျိုးရေးကိုသာ အဓိက အားထားနေရတဲ့ စစ်ဘေးရှောင်အပါအဝင် ဒေသခံတောင်သူများ စိုက်ပျိုးရေးအတွက် အခက်အခဲများနဲ့ ကြုံတွေ့နေရ တယ်လို့ ဖယ်ခုံအနောက်ဘက်ခြမ်းက ဒေသခံတစ်ဦးကပြောပါတယ်။

“အခုက ဓါတ်ဆီ၊ ဒီဇယ်စျေးနှုန်း အဆမတန် စျေးတက်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ လုပ်နေပေမဲ့ အကျယ်ကြီးမလုပ်နိုင်ဘူး ထွန်ယက်ဖို့ ဆီဖိုး မတတ်နိုင်လို့ လူအားနဲ့ပဲ လုပ်တော့ လုပ်ချင်သလောက် မလုပ်နိုင်ဘူလေ။ အဲ့တော့ မိသားစုစားဝတ်နေရေးအတွက် ဘယ်လိုမှ ဖူလုံမှု မရှိနိုင်ဘူး” လို့ ဒေသခံ တောင်သူအမျိုးသားတစ်ဦးက ပြောပါတယ်။

သူဟာ အာဏာမသိမ်းခင်ကတည်းက မိသားစု စားဝတ်နေရေးအတွက် ဆန်စပါး၊ ပြောင်း၊ မြေပဲတွေကို အဓိကအားထား စိုက်ပျိုးတဲ့ ဖယ်ခုံအနောက်ဘက်ခြမ်းက ဒေသခံတောင်သူတစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်အတွင်းက တိုက်ပွဲတွေကြောင့် အနောက်ဘက်ခြမ်းကိုတိမ်းရှောင်လာတဲ့ စစ်ဘေးတွေဟာ လက်ရှိမှာ ဒေသခံတွေဆီကနေ ဥယာဉ်ခြံတွေကို ငှားရမ်း ပြီး စပါးတွေ၊ ပြောင်းဖူးတွေကို စိုက်ပျိုးကြပေမဲ့ မြေဩဇာတွေမသုံးနိုင်တာကြောင့် အထွက်နှုန်းနည်းနေတယ်လို့ ဆိုပါတယ်။

“ဒီဘက် စစ်ဘေးရှောင်လာတာ နှစ်နှစ်ကျော်ပြီ အရင်နှစ်ထက် ဒီနှစ်က ကုန်စျေးနှုန်း ပိုမြင့်တက်လာတော့ စိုက်ပျိုးရေးအတွက် သုံးရတဲ့ မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေ မဝယ်သုံးနိုင်ဘူး။ ခုခေတ်က ဒါတွေ မသုံးနိုင်ရင် စိုက်ပျိုးရေးအထွက်နှုန်း ထက်ဝက်နီးပါး ကျဆင်းနေတာလေ” လို့ စစ်ရှောင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိ နိုင်ငံရေး ၊ စစ်ရေးအခြေအနေတွေအရ နေရာတိုင်းကို ကုန်တင်ကားတွေ လွတ်လာစွာ ဖြတ်သန်းသွားလာခွင့် မရှိတဲ့အပြင် စစ်ကောင်စီရဲ့ ဂိတ်ခွန်တွေ အဆမတန် ပေးဆောင်ကြရတဲ့အတွက် ကုန်စျေးနှုန်း မြင့်သထက် ပိုမြင့်တက်လာနေတယ်လို့ ဒေသခံတွေ ပြောဆိုနေကြပါတယ်။

spot_img
spot_img
spot_img

Recent posts