spot_imgspot_imgspot_imgspot_img
Monday, December 23, 2024
spot_imgspot_imgspot_imgspot_img

တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချက်အလက်နဲ့ အလှူငွေလိမ်လည်ကောက်ခံမှုတွေ ရှိနေတာကြောင့် စီစစ်လှူဒါန်းကြဖို့ KNDF အသိပေး

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ တော်လှန်ရေးကာလ ၃နှစ်ကျော်ကြာလာတာနဲ့အမျှ တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်ပြီး ပြည်သူတွေကို အလှူငွေလိမ်လည် တောင်းခံလာတာရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ သေချာစီစစ်ပြီးလှူဒါန်းကြဖို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) က နိုဝင်ဘာလ ၆ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။

တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အထောက်အပံ့ အကူအညီတွေနဲ့သာ ရှေ့ဆက်နိုင်မှာ ဖြစ်တာကြောင့် ယုံကြည်မှု အားလျော့သွားတာမျိုး မဖြစ်ရလေအောင် သေချာစီစစ်ပြီး ပါဝင်ကူညီလှူဒါန်းဖို့ KNDF ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တာအယ်စိုးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“အဓိက တော်လှန်ရေးကိုထောက်ပံ့နေတဲ့ လူထုတွေကတော့ ဒီငွေလိမ်တဲ့အပေါ်မှာ လိမ်တဲ့သူတွေ များနေရင်တော့ ဒီယုံကြည်မှုတွေ လျော့နည်း နိုင်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ အနေနဲ့ပေါ့နော် နောက်ပိုင်း အခုလိုမျိုး တော်လှန်ရေးကို ထောက်ပံ့ချင်တယ်ဆိုရင် ဒီသေချာစီစစ်ပြီးတော့မှ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တာဝန်ခံတွေနဲ့ ချိတ်ဆက်ပြီးတော့မှ လှူပါလို့ပဲ ပြောချင်ပါတယ်။”လို့ တာအယ်စိုးက ဆိုပါတယ်။

သက်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေရဲ့တာဝန်ရှိသူတွေ၊ ဘဏ္ဍာငွေရှာဖွေရေးအတွက် တာဝန်ယူတာဝန်ခံရတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တပ်ရင်း တပ်ဖွဲ့ရဲ့ Facebook page messenger တွေ၊ ဗဟိုကော်မတီဝင် ၊ စစ်ဦးစီး ၊ စစ်ရေးချုပ် ၊ စစ်ထောက်ချုပ် ၊ ဗျူဟာမှူးများ ၊ တပ်ရင်းမှူးတွေထံ ဦးစွာ တိုက်ရိုက်မေးမြန်း အတည်ပြုကြဖို့ လိုတယ်လို့ ဆိုပါတယ်။

အခုလို တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်ပြီး အလှူငွေတွေလိုက်လံကောက်ခံတဲ့အပေါ် ပြည်သူနဲ့ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကြား ယုံကြည်မှုအားလျော့အောင် ပြုလုပ်ရာရောက်စေတယ်လို့ ပြောပါတယ်။

“အလွဲသုံးစားခံရတာ ၃ခါရှိပြီ ။ ဘယ်ကလူလိမ်တွေလဲမသိဘူး။ မသိတဲ့လူတွေက ပါသွားကြတယ်ပေ့ါနော်။ တချို့က တပ်ရင်းနာမည်သုံးတယ်။ တချို့က တပ်ရင်းထဲက ရဲဘော်ပုံတွေသုံးတယ်။ တချို့က ဘာမှမဟုတ်တဲ့ အချက်အလက်တွေ ဥပမာ ကျနော်တို့တပ်ရင်းမှာက တပ်ရင်းခွဲ ၃/၄ တို့မှမရှိတာ အဲ့တာ တပ်ရင်းဘယ်လောက်က တပ်ရင်း ခွဲဘယ်လောက်ကဆိုပြီး လိုက်တောင်းတာပေါ့။ ဆိုတော့ မသိတဲ့ ပြည်သူကပေးမိသွားမှာပဲလေ။” လို့ KNDF တပ်ရင်း (၈) ရဲ့ ထောက်ပို့တပ်သားတစ်ဦးက အခုလို ပြောပါတယ်။

တော်လှန်ရေးကာလအတွင်းမှာ ‌တပ်ရင်းတပ်ဖွဲ့တွေရဲ့ အချက်အလက်တွေကို အလွဲသုံးစားလုပ်ပြီး လိမ်လည်ကောက်ခံတဲ့ ငွေပမဏ နဲ့ အကြိမ်အရေအတွက်ကိုတော့ စာရင်းအတိအကျ မသိရပေမဲ့ မြေပြင်မှာ များပြားနေတယ်လို့ တာအယ်စိုးက ဖြည့်စွက်ပြောဆိုထားပါတယ်။

spot_img
spot_img
spot_img

Recent posts