spot_imgspot_imgspot_imgspot_img
Friday, October 18, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့နယ်ထဲက လတိန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်၊ ၁ဦးသေဆုံးပြီး ၁၀ဦးဒဏ်ရာရ

Author

Date

Category

ကန္တာရ၀တီတိုင်း (မ်)

ရှမ်း – ကရင်နီ နယ်စပ်၊ ဖယ်ခုံမြို့နယ်က လတိန် ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲ ၀န်းကျင်မှာ စစ်ကောင်စီက လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ တစ်ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ကန္တာရ၀တီတိုင်း (မ်) ကိုပြောပါတယ်။

“ညီမရဲ့အမနဲ့သူ့သားလည်း ထိခိုက်ဒဏ်ရာပြင်းထန်တယ်လို့ ကြားရတယ်။ အိမ်ကကြေသွားတယ်” လို့ဒေသခံ တစ်ယောက်က ပြောပါတယ်။

ပေါင် ၅၀၀ ပြင်းအားရှိတဲ့ ဗုံးသုံးလုံးနဲ့ ဗုံးကြဲခဲ့တာဖြစ်ပြီး ကလေးအပါအ၀င် အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၆ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။သေဆုံးသူကတော့ အသက် ၃၂ နှစ်အရွယ်အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။

စက်တင်ဘာလအတွင်း ကရင်နီပြည်၊ ရှမ်း-ကရင်နီနယ်စပ်ရှိ နန်းမယ်ခုံ၊ လအိ၊ လတိန် ကျေးရွာတွေကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၁ ဦးထိရှိနေပါတယ်။ သေဆုံးသူအများစုကလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ခရီးစဥ်မှာ သိမ်းပိုက်ခံရတဲ့နယ်မြေတွေပြန်ရဖို့ လက်တုံ့ပြန်သွားမယ်လို့ ပြောလိုက်ပြီးနောက် ကရင်နီပြည် အပါအ၀င် ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်း တို့မှာ လေကြောင်းတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်လာပါတယ်။

spot_img
spot_img

Recent posts