spot_imgspot_imgspot_imgspot_img
Sunday, February 23, 2025
spot_imgspot_imgspot_imgspot_img

စစ်ရေးအခြေအနေအရ မိုးဗြဲမြို့ကို ဖြစ်သန်းသွားလာခွင့် ယာယီပိတ်ထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့အတွင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစပြီး၂၈ ရက်နေ့အထိ ၅ ရက်အတွင်း ပြည်သူလူထုတွေအနေနဲ့ ဖြတ်သန်းသွားလာမှု မပြုလုပ်ကြဖို့ မိုးဗြဲ PDF နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF ) တပ်ရင်း ၃ တို့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ပူးတွဲအသိပေးထုတ်ပြန်ထားပါတယ်။

စစ်ရေးအခြေအနေပေါ်မူတည်ပြီး ပြည်သူလူထုရဲ့ လုံခြုံရေးအရ အများပြည်သူသွားလမ်းကို မဖြစ်မနေ ပိတ်ရခြင်းဖြစ်ပြီး ပြန်လည်ဖွင့်လှစ်မယ့်ရက်ကိုတော့ ထပ်မံအကြောင်းကြားပေးသွားမှာ ဖြစ်တယ်လို့ KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုး ကပြောပါတယ်။

“မိုးဗြဲလမ်းပိတ်တဲ့ ကိစ္စကတော့ လုံခြုံရေးအရ မဖြစ်နေ ပိတ်ရတဲ့ ကိစ္စပဲ ဖြစ်တယ်။ အထူးသဖြင့် ဒီစစ်ကောင်စီဘက်ကပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုတွေ ၊ ဒရုန်းနဲ့ တိုက်ခိုက်မှုတွေ ၊ လက်နက်ကြီးတိုက်ခိုက်မှုတွေက အဆက်မပြတ် လုပ်လာနိုင်တဲ့အတွက် မဖြစ်မနေ လမ်းကို ပိတ်ရခြင်းဖြစ်တယ်။ စစ်ရေးအခြေအနေပေါ် မူတည်ပြီးတော့ လမ်းပြန်ဖွင့်ဖို့ ကိစ္စက ပြန်ပြီးတော့ ပြောပြပေးမယ်။အခုက စစ်ရေးအခြေအနေအရ မဖြစ်မနေ ပိတ်ရခြင်း ဖြစ်တယ်” လို့ KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ တာအယ်စိုး ကပြောပါတယ်။

အရေးပေါ်ကိစ္စဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ တပ်ရင်းတပ်ဖွဲ့များ ၊ လုံခြုံရေးဂိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၅ နှစ်စပိုင်းကတည်းက မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီရဲ့ လေယာဉ်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် မိုးဗြဲမြို့ပေါ်က ပြည်သူတွေရဲ့ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ပါသေးတယ်။

spot_img
spot_img
spot_img

Recent posts