spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

လာမဲ့နှစ် စားနှပ်ရိက္ခာဖူလုံရေးအတွက် ပြည်နယ်တွင်း ထွက်ကုန်တွေ ရောင်းဝယ်မှုကို ကန့်သတ်မည်

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ရာဂီမုန်တိုင်းအရှိန်ကြောင့် ကရင်နီနဲ့ ရှမ်း-ကရင်နီနယ်စပ်ဒေသမှာ စိုက်ပျိုးဧက သောင်းနဲ့ချီ ပျက်စီးသွားလို့ လာမဲ့နှစ် ၂၀၂၅ ခုနှစ်မှာ စာနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် ပြည်တွင်းထွက်ကုန်ကို ပြည်နယ်ပြင်ပ နဲ့ ကရင်နီပြည်တွင်းက ဒေသတချို့တွေမှာ ကူးသန်းရောင်းဝယ်မှုတွေ တားမြစ်လုပ်ဆောင်သွားမယ်လို့ IEC က ပြောပါတယ်။

ယခင်ကတည်းက ပြည်တွင်း ရိက္ခာဖူလုံ‌ရေးအတွက် ကရင်နီပြည်၊ ဒီးမော့ဆို ဖက်ကနေ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသကို ဆန် ၂ အိတ်နှုန်းသာ တင်ခွင့်ပေးခဲ့တာပါ။ လက်ရှိအခြေနေအရ ရေဘေးကြောင့် စပါးစိုက်ခင်း အပျက်အစီးများလို့ ဆန်၊ စပါး ကူးသန်းရောင်းဝယ်ရေးကို ထပ်မံတိုးမြှင့်ကန့်သတ်သွားမယ်လို့ ပြောပါတယ်။

“ဒါကအောက်ကလူတွေကို ကိုယ်ချင်းမစာလို့မဟုတ်ဘူး။ အောက်ဖက်ကဆိုလို့ရှိရင် တခြားသောနယ်စပ်ကနေ ဆန်ဝင်လာဖို့ရှိတယ်ပေါ့နော။ ဒါလုပ်လို့ရတယ်။ အကယ်၍ ဒီးမော့ဆို လွိုင်ကော်တစ်ဝိုက် ကဆန်၊ စပါးတွေကို အခြားသောပြည်နယ်ပြင်ပ၊ နေရာတွေကိုတွန်းပို့ပြီးတော့မှ ကုန်ကူးသန်းရောင်းဝယ်မှု သွားလုပ်လိုက်ရင် အဲ့ဒေသတွေ အရမ်းကို ဒုက္ခရောက်သွားမယ်ပေါ့နော” လို့ IEC အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က ပြောပါတယ်။

စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီမှာ စစ်ရေးအရှိန်မြင့်တက်နေဆဲဖြစ်သလို လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ဒေသတွင်း လမ်းခရီး ပိတ်ဆို့မှုတွေလည်း ပိုမိုဖြစ်လာခဲ့ပါတယ်။ ကုန်စည်စီးဆင်းမှုလည်း ခက်ခဲလာပြီး ပြည်နယ်ပြည်ပကနေ ဆန်၊ ‌ဆေးဝါး တင်သွင်းမှုကို စစ်ကောင်စီက ကန့်သတ်ထားတာ ၃နှစ်ကျော် ရှိနေပြီဖြစ်ပါတယ်။

တဖက်မှာလည်း ကုန်စျေးနှုန်းမြှင့်တက်လာသလို ကုန်စည်စီးဆင်းမှုက အချိန်ကြန့်ကြာမှုပိုဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စားနပ်ရိက္ခာဖူလုံရေးအတွက် ဒေသထွက် ဆန်ရောင်းဝယ်တာတွေကိုလည်း ၂၀၂၃ ခုနှစ်ကစပြီး IEC က စျေးနှုန်းသတ်မှတ်ပေးထားခဲ့ပါတယ်။

ယခုနှစ် မိုးစပါးစိုက်ပျိုးထားတဲ့ စပါးခင်းအများစုဟာ ရေကြီးရေလျှံမှုကြောင့် အပျက်စီးများသလို ရေနစ်မြှုပ်သွားတာကြောင့် ရိမ်သိမ်းလို့မရတော့တဲ့အတွက် လာမယ့်နှစ် စားနပ်ရိက္ခာမရရှိမှာကို စိုးရိမ်နေရတယ်လို့ လယ်စပါး ၅ဧက စိုက်ပျိုးထားတဲ့ နန်းမယ်ခုံမြို့က မော်ဌေးမြာက ပြောပါတယ်။

“နောက်နှစ်အတွက် စားစရာမရှိမှာကိုတော့ စိတ်အပူဆုံးပဲပေါ့နော။အခုဆို လယ်တွေကလည်းမြှုပ်ထားတာများခါကျတော့ စပါးလည်းစျေး တအားတက်တော့ မဝယ်စားနိုင်မှာကို အကြောက်ရဆုံးပေါ့နော”လို့ မော်ဌေးမြာက ‌ ပြောပါတယ်။

ဆန်၊ စပါးကူးသန်းရောင်းဝယ်မှု ကန့်သတ်ရာမှာ ဒေသတွင်းရှိ ဒေသန္တာရအုပ်ချုပ်ရေးအဖွဲ့၊ လက်နက်ကိုင်တပ်ဖွဲ့တို့နဲ့ အဆင့်ဆင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း IEC ကပြောဆိုထားပါတယ်။

spot_img
spot_img

Recent posts