spot_imgspot_imgspot_imgspot_img
Wednesday, March 12, 2025
spot_imgspot_imgspot_imgspot_img

လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် ဖယ်ခုံမြို့နယ်ထဲက စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ရ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ယမန်နေ့ (နိုဝင်ဘာလ ၂၇ ) က လက်နက်ကြီးပစ်ခတ်ခံရတဲ့ ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းက စစ်‌ဘေးရှောင်စခန်းတစ်ခုမှာနေထိုင်ကြတဲ့ စစ်ဘေးရှောင်တွေဟာ ဒီကနေ့မှာလည်း လက်နက်ကြီး နဲ့ ထပ်မံ ပစ်ခတ်ခံရတာကြောင့် ပြောင်းရွေ့မှုတွေ ပြုလုပ်နေရတယ်လို့ စစ်ဘေးရှောင်တွေကပြောပါတယ်။

“စစ်ရှောင်လည်း ဖြစ်တယ် ကားမရှိဘူး။ ဆိုင်ကယ်မရှိဘူးပေါ့။ ဒီနေရာမှာလာတဲ့အချိန်ဆိုရင်လည်း အရင် တစ်လေးလုံးက ပြင်းထန်တိုက်ပွဲတုန်းက သူများလာကယ်ရင်းနဲ့ ကားနဲ့ လာကြိုတယ်။ ကားနဲ့ပဲလိုက်လာတယ်ပေ့ါနော။ အခုက တကြော့ပြန်ပြေးဖို့အတွက် သူတို့အတွက် နည်းနည်း အခက်အခဲ ရှိနေတဲ့ မိသားစုတွေကတော့ ကျန်ခဲ့တယ်ပေါ့နော တော်တော်များများတော့ ပြောင်းသွားတယ်” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ယမန်နေ့ စစ်ကောင်စီရဲ့ အခြေစိုက်တပ်ရင်းကနေ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းတွင်းက စစ်ဘေးရှောင်တွေ သေဆုံးမှု နဲ့ ဒဏ်ရာ ရရှိခဲ့ကြပါတယ်။ ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်မှာလည်း လက်နက်ကြီး ထပ်မံ ကျရောက်ပေါက်ကွဲတာကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ပုံစာ – နိုဝင်ဘာလ ၂၈ ရက်နေ့၊ မနက်ပိုင်းမှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ စစ်ဘေးရှောင်တစ်ဦးရဲ့ နေအိမ်

စစ်ကောင်စီရဲ့ နည်းအမျိုးမျိုးနဲ့ ဖိနှိပ်မှုကြောင့် လူထုတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးနေတဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင် စိုးမိုးနယ်မြေတွေကို တန်ပြန်လက်တုံ့ပြန်သွားမယ်ဆိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်ရဲ့ ပြောကြားချက်က လူထုတွေ ပုံမှန်နေလို့မရအောင် လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ဦးဗညားက ပြောပါတယ်။

“လူတွေကပုံမှန်နေထိုင်တဲ့ နေရာတွေမှာ ဆက်နေထိုင်လို့မရအောင်လုပ်တယ်။ လူတွေရဲ့ လူမှုစီးပွားရေး ပျက်စီးအောင်လုပ်တယ်။ ကျန်းမာ‌ရေး၊ ပညာရေးတွေ ပြတ်တောက်အောင်လုပ်တယ်။ လူကိုသေစေလိုတဲ့ ရည်ရွယ်ချက်ပါတဲ့ အဲ့ဒီဟာက လူသားမျိုးနွယ်စုပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမြောက်တယ်ပေါ့နော” လို့ ဦးဗညားက ပြောပါတယ်။

လက်ရှိမှာ ထပ်မံစစ်ရှောင်ရတဲ့ စစ်ရှောင်စခန်းဟာ တစ်လေးလုံးစစ်ဆင်ရေးကြောင့် တိမ်းရှောင်လာတဲ့သူတွေ စုဝေးနေထိုင်ရာနေရာဖြစ်ပြီး အိမ်ထောင်စု ၉၀ ကျော် ရှိပါတယ်။ လွိုင်ကော်၊ ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆို၊ ဆီဆိုင် တို့ကနေ လာရောက် စစ်ရှောင်ကြတယ်လို့ သိရပါတယ်။

spot_img
spot_img
spot_img

Recent posts