spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

လွိုင်ကော်မြို့တွင်းတိုက်ပွဲကြောင့် ဒီးမော့ဆိုဘက်ကို ထွက်ပြေးတိမ်းရှောင်တဲ့ စစ်ရှောင်တွေ အကူအညီလိုအပ်နေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ မှာ လွိုင်ကော်မြို့ တွင်း တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ကြားက ဒီးမော့ဆိုမြို့နယ်ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတွေက ပြောပါတယ်။

“အခု ကျနော်တို့ လိုက်ချပေးတဲ့ နေရာတွေမှာဆိုရင် အစစအရာရာ လိုက်ရှာပေးရတာရှိတယ်။ စောင်လိုအပ်ရင် စောင်ရှာပေးရတယ်။ အိုးခွက်ပန်းကန်၊ ထင်း ကအစပေါ့။ လိုက်ရှာပေး စီစဉ်ပေးရတဲ့ အနေအထားဖြစ်တယ်။ အဖက်ဖက်ကလိုအပ်တယ် ဆန်လည်းလိုအပ်တယ်။ အခု ပြေးလာရတဲ့ စစ်ဘေးရှောင်က လက်နက်ကြီးသံ ကြားကနေ ပြေးလာရတော့ ကျန်းမာရေးထိခိုက်တဲ့စစ်ဘေးရှောင်တွေ အများကြီးရှိတယ်။ မသန်စွမ်းတွေ သက်ကြီးရွယ်အိုတွေ ကလေးငယ်တွေ အများကြီးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်း လိုအပ်တာကို တွေ့ရတယ်ပေါ့နော။”လို့ စစ်ရှောင်ကူညီပေးသူတစ်ဦးက ပြောပါတယ်။

စစ်ရှောင်တွေဟာ ကိုယ်ပိုင်ကား၊ ဆိုင်ကယ်တွေနဲ့ ထွက်ပြေးလာသူတွေရှိသလို၊ ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ပို့ဆောင်ပေးမှုကြောင့် တိမ်းရှောင်လာတဲ့သူတွေလည်း များနေတယ်လို့ သိရပါတယ်။ တိုက်ပွဲကြားက ကပြာကယာ ထွက်ပြေးတိမ်းရှောင်ရတာကြောင့် လိုအပ်တဲ့ အခြေခံအသုံးအဆောင်တွေ မပါလာဘူးလို့ သိရပါတယ်။

ဒီနေ့ တနေ့အတွင်း ရောက်ရှိလာသူတွေ ထောင်နဲ့ချီရှိနေနိုင်တယ်လို့ ဒီးမော့ဆို ဒေသခံတစ်ဦးကပြောပြပါတယ်။ လက်ရှိမှာ စစ်ရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ နဲ့ အစားအသောက် တွေအပြင် သောက်သုံးရေလည်း အရေးပေါ် လိုအပ်ချက် ရှိနေပါတယ်။

spot_img
spot_img
spot_img

Recent posts