spot_imgspot_imgspot_imgspot_img
Wednesday, October 16, 2024
spot_imgspot_imgspot_imgspot_img

လွိုင်ကော်-ဒီးမော့ဆို မြို့နယ် အစပ်က ရွာလုံးကျွတ်နေအိမ် ရေနစ်မြုပ်သွားတဲ့ ကျေးရွာတချို့မှာ ရေပြန်ကျ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စက်တင်ဘာလအတွင်းက ကြုံတွေခဲ့တဲ့ ရေကြီးရေလျှံမှုကြောင့် လွိုင်ကော်နဲ့ ဒီးမော့ဆို မြို့နယ် အစပ်က ရွာလုံးကျွတ်နေအိမ် ရေနစ်မြုပ်ခဲ့တဲ့ ကျေးရွာတွေမှာ ယခုရက်ပိုင်းအတွင်း ရေပြန်ကျဆင်းနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

မိုးရွာသွန်းမှုလျော့နည်းလာတာကြောင့် ရေပြန်ကျတာ ၃ရက်ခန့်ရှိပြီလို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရေကတော့ ပြန်ကျနေတယ်။ ဒါပေမယ့် ပြန်လို့မရကြသေးဘူး ရေက နကိုယ် နေရာပြန်မကျသေးတော့လေ။ အခုပြန်ကျတယ်ဆိုတာက ရေက အိမ်ခေါင်မိုးမြုပ်ရာကနေ အိမ်တစ်၀က်လောက်ထိ ပြန်ကျနေပြီ ပြန်နေလို့တော့မရသေးဘူး။ ပြန်ကျနေတာတော့ ၃ရက်ရှိပြီ မိုးလည်း နည်းလာတာကြောင့်ကောပေါ့။”လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ရွာလုံးကျွတ် နေအိမ်တွေ ရေနစ်မြုပ်သွားတဲ့ ဘုရားနီ ၊ ဘုရားဖြူ ၊ ကယားညေးခူ၊ ဒေါပေါ်ကလဲ စတဲ့ကျေးရွာတွေဟာ လက်ရှိမှာတော့ နေအိမ်တွေရဲ့ တစ်ဝက်ထိ ရေပြန်ကျနေပြီလို့ ဆိုပါတယ်။

“ရေကပြန်ကျတာတော့ ကောင်းတာပေါ့။ အခုက ပြန်ကျပြီဆိုပေမဲ့ အစက အိမ်မြုပ်တဲ့အထိ ဖြစ်တော့ အခုလောက် ပြန်ကျတာနဲ့တော့ ပြန်နေလို့မရသေးတော့ ရေပြန်ကျတာလည်း တစ်စုံတစ်ရာ ထူးဆန်းတယ် မခံစားရဘူး။ မူလအတိုင်း ကိုယ့်အိမ်နဲ့ကိုယ် ပြန်နေလို့ရတဲ့ အခြေအနေထိတော့ ရောက်ချင်ပြီပေါ့။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

အလားတူ စက်တင်ဘာလအတွင်း စံချိန်တင် ရေကြီးမှုနဲ့ ကြုံတွေ့ခဲ့ရတဲ့ လွိုင်ကော်မြို့အတွင်းမှာလည်း ယခုရက်ပိုင်းမှာ ရေပြန်ကျပြီး သွားလာရေးအဆင်ပြေလာပြီလို့ လွိုင်ကော်ဒေသခံတွေက ပြောဆိုကြပါတယ်။

spot_img
spot_img

Recent posts