KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄) ရက်၊ (သောကြာနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– ညောင်ရွှေမြို့နယ်၊ တောင်ပို့ကွဲကျေးရွာမှာ လက်နက်ကြီးထိမှန်ပြီး ၁၀နှစ်အရွယ်ကလေးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး
– စစ်ကောင်စီ ဒုတပ်ကြပ် တစ်ဦး (KPLA-၉၄၂၅ ) တပ်ရင်းထံ လက်နက်နှင့်တကွ အလင်းဝင်လာ
– Loikaw Local PDF က အခြေခံ စစ်သင်တန်း အပတ်စဉ် (၂)အတွက် တပ်သားသစ်ခေါ်ယူ
– မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ပြိုပျက်သွားတဲ့လမ်းမကြီးကို ကိုယ်ထူကိုယ်ထပြုပြင်နေပြီး အကူအညီလိုအပ်နေ
– ငိန်းကယန်းထန် အကယ်ဒမီကျောင်းဖွင့်ပွဲ နဲ့ KNGY (၂၃)နှစ်ပြည့် အခမ်းအနားကို ပူးတွဲကျင်းပ
စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
“လူထုစာလွှာ” အစီအစဉ်ကနေပြီး ပြည်သူတွေပေးပို့လာတဲ့ စာလွှာတွေကို နားဆင်ကြရမှာပါ။ အဲဒီနောက်မှာတော့ “ကုန်ဈေးနှုန်းသတင်း၊ နိုင်ငံခြားငွေလဲလှယ်နှုန်းသတင်း” တွေကိုလည်း ကြားကြရဖို့ ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်မနက် ၇နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။