spot_imgspot_imgspot_imgspot_img
Monday, March 10, 2025
spot_imgspot_imgspot_imgspot_img

မော်ချီးကို စစ်ကောင်စီဗုံးကြဲမှုကြောင့် အရပ်သားနှစ်ဦးသေဆုံးပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

Author

Date

Category

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖားဆောင်းမြို့နယ် မော်ချီး‌ဒေသကို မတ်လ ၇ ရက်နေ့ နေ့ခင်း ၁ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးကာ ၁၀ ဦးမနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲမှုအတွင်း သေဆုံးသူနှစ်ဦးအနက် အမျိုးသမီးတစ်ဦးမှာ ပွဲပြီးချင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျန်တစ်ဦးကိုတော့ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး။

“အမျိုးသမီး ၁ ဦးဆုံးသွားတယ်။ အဒေါ်က သစ်စက်လုပ်တယ်နဲ့တူတယ်။ အမှတ် ၂ နဲ့နီးတော့လေး ထိသွားတယ်။ သူ့တဲပေါ်ကို ကျသွားတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေသခံတွေရဲ့ ပြောကြားချက်အရ မော်ချီး‌အ၀င် ယခင် စစ်ကောင်စီဂိတ်စခန်း အမှတ် (၂) အနီး၀န်းကျင်ကို ဗုံး ၂ လုံး လာရောက်ကြဲခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်း ၄ နှစ်တာကာလအတွင်း မော်ချီးဒေသကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တာ ရှိခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲ့ဒီတိုက်ခိုက်မှုကြောင့် လူထုတွေဟာ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။

လေယာဥ်ဗုံးကြဲပြီးနောက် မော်ချီးဒေသခံတွေရဲ့ အခြေအနေကို ကန္တာရဝတီတိုင်း (မ်) မြေပြင်သတင်းထောက်က အခုလိုပြောပါတယ်။

“အခု‌ဒေသခံတွေကတော့ ကြောက်စိတ်တွေပိုများလာနေကြတယ်။ လေယာဥ်မကြဲခင်ကလောက် လွတ်လွတ်လပ်လပ် သွားလာစိတ်တွေ ဘယ်ချိန်ထပ်လာကြဲမလဲ ဆိုတဲ့စိတ်တွေနဲ့ ဖြတ်သွားဖြတ်လာ လမ်းသွားတာက အစ မလုံခြုံကြတော့ဘူးပေါ့နော”လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့တုန်းကလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက လူထုတွေစု‌ပေါင်းနေထိုင်တဲ့ နေရာကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယခုမတ်လအတွင်း စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်နဲ့ ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသကို လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ခန့်ရှိ‌နေပြီဖြစ်ပါတယ်။

ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မတ်လ ၇ရက်နေ့ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ကရင်နီပြည်မှာ စစ်ကောင်စီလုပ်ရပ်ကြောင့် အရပ်သား ၇ ဦးသေဆုံးခဲ့ပြီး အဲ့ဒီထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂ဦးသေဆုံးခဲ့ပါတယ်။

spot_img
spot_img
spot_img

Recent posts