KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၅ ခုနှစ်၊ မတ်လ (၁၂) ရက်၊ (ဗုဒ္ဓဟူးနေ့)
ဒီကနေ့ နားဆင်ရမှာကတော့
– မယ်စဲ့မြို့နယ်ထွက် ပဲပုပ်တွေကို ထိုင်းကိုတင်ပို့ရောင်းပေမယ့် စျေးကောင်းမရ
– နယ်စပ်က စစ်ရှောင်စခန်းတနေရာမှာ ရေကြောင့် အရေပြားအနာနဲ့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေ၊ ရေသွယ်တန်းနိုင်ဖို့ အကူအညီလိုအပ်
– ကရင်နီ စစ်ရှောင်စခန်းတစ်ခုကို စစ်ကောင်စီက ဗုံးအလုံးရေ (၁၅) လုံးကြဲချ၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရ
– ရှမ်းပြည်၊ ညောင်ရွှေက စစ်ရှောင်တွေအတွက် ရိက္ခာဖြန့်ဝေမှုကို စစ်ကောင်စီ ပိတ်ပင်၊ နေရပ်ပြန်ဖို့ ဖိအားပေးနေ စတဲ့သတင်းတွေနဲ့ မိုးလေဝါသသတင်း။
အပတ်စဉ်တင်ဆက်ပေးတဲ့ “ကုန်ဈေးနှုန်းသတင်း” နဲ့ သုတအဖြာဖြာအစီအစဉ်ကနေ “အဖြစ်များလာတဲ့ အသည်းရောင်အသားဝါ (အေ) “ အကြောင်း နားဆင်ကြရမှာပါရှင်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ်ညနေ ၇ နာရီကနေစတင်ပြီး Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်းကရင်နီ နယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းဒီးမော့ဆို နဲ့ဖရူဆိုမြို့နယ်မှာ FM ရေဒီယိုလိုင်း 108 mhz ၊ မယ်စဲမြို့နယ်မှာ 95.9 mhz ထုတ်လွှင့်ပေးနေပါတယ်။