spot_imgspot_imgspot_imgspot_img
Saturday, March 15, 2025
spot_imgspot_imgspot_imgspot_img

ဆီဆိုင်မြို့ နယ်က ကရင်နီစစ်ရှောင် ၁သောင်းအတွက် အလှူရှင်မရှိသေး၊ စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်း အခက်အခဲကြုံ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းကို ပြီးခဲ့တဲ့သီတင်းပတ်တွေက ကရင်နီစစ်ရှောင် ၁ သောင်းဝန်းကျင် ရောက်ရှိလာခဲ့ပြီး လတ်တလောမှာ အလှူရှင်မရှိသေးတာကြောင့် စားနပ်ရိက္ခာတွေနဲ့ နေရာထိုင်ခင်း အခက်အခဲ ကြုံတွေ့နေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ရှောင်တွေဟာ (၁၁.၁၁)စစ်ဆင်ရေး စတင်ပြီးနောက် ရောက်ရှိလာတဲ့ စစ်ရှောင်တွေဖြစ််ပြီး လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်က ဒေသခံအများစုဖြစ်တယ်လို့ သိရပါတယ်။ ဆီဆိုင်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက ရောက်ရှိနေပြီးသား စစ်ရှောင် ဦးရေ တစ်သောင်းရှိနေပြီး ထပ်မံရောက်ရှိနေတဲ့ စစ်ရှောင်ဦးရေ ၁သောင်းဝန်းကျင် နဲ့ ဆိုရင် ဆီဆိုင်မြို့နယ်မှာ ကရင်နီစစ်ရှောင် ၂သောင်းဝန်ကျင်ရှိနေတယ်လို့ ဆိုပါတယ်။

“နဂို အဟောင်းတောင်မှာ စစ်ရှောင် ၁သောင်းဝန်းကျင်လောက်ရှိတော့ ခု တစ်သောင်းထပ်တိုးတော့ လူဦးရေ အသစ်အဟောင်းတော့ တော်တော်များတာ၊ များတဲ့ခါမှာ အဟောင်းတောင်မှ စားနပ်ရိက္ခာ မပေးနိုင်တာ နှစ်လရှိပြီးလေး နှစ်လကျော်သွားပြီး အခု စစ်ရှောင်စရောက်လာတော့ ခက်ခဲတာပေါ့။ အထူးသဖြင့် စားနပ်ရိက္ခာတွေ ကျန်းမာရေးနဲ့ သက်ဆိုင်တဲ့ ပစ္စည်းတွေ နောက်ပြီးတော့မှ အမိုးအကာတွေပေါ့လေ။ တချို့ကျတော့ နေတော့နေတာပေါ့ ကြိုက်သလိုနေရတယ် အမျိုးအိမ်တွေ အသိအိမ်တွေ ယာယီအိမ်ပြီး အရှေ့ရွာ ကပ်နေတဲ့ဟာမျိုး အစုံပဲ “လို့ ဆီဆိုင်မြို့နယ်ထဲက စစ်ရှောင်ကူညီသူတစ်ဦးက ပြောပြပါတယ်။

စစ်ရှောင်ဦးရေများနေတာကြောင့် ဆွေမျိုးတွေ၊ အသိမိတ်ဆွေတွေရဲ့ နေအိမ်မှာ ခိုလှုံနေကြသူတွေလည် းရှိနေတယ်လို့ သိရပါတယ်။
စစ်ရှောင် အဟောင်းတွေရှိနေသလို အသစ်ရောက်လာတဲ့ စစ်ရှောင်ဦးရေတွေများတာကြောင့် ဒေသခံ ပြည်သူတွေကလည်း အကူအညီပေးတဲ့နေရာမှာ အခက်အခဲရှိနေတယ်လို့ လည်း ဆိုပါတယ်။

“ခက်တာ အလှူရှင်တွေမရှိတာ အလှူရှင်မရှိတော့ ဒေသခံလဲ နှစ်နှစ်တော့ရှိပြီး ဒေသခံလဲ မနိုင်တော့ဘူးလေ။ အဟောင်းမှာ မနိုင်တနိုင်နဲ့ အသစ်ထပ်လာတော့ တကယ် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်တာလေ။ ဒါပေမယ် ခက်ခဲတာက အလှူရှင်တွေမရှိတာပေါ့ အလှူရှင်တာရှိရင် ရှိသလို ကျနော်တို့ စီမံပြီးတော့မှာ ထောက်ပံ့ပေးလို့တော့ ရတယ်လေး ခက်တာက အလှူရှင်မရှိတာ” လို့ သူက ပြောပါတယ် ။

လက်ရှိ စစ်ရှောင်စခန်းတွေမှာ လူဦးရေ ၂ သောင်းလောက်ရှိနေပြီး နိုင်ငံတကာအဖွဲ့အစည်းတွေ လူမှုအသင်းအဖွဲ့တွေကနေ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီတွေပေးနိုင်ဖို့ စစ်ရှောင်ကူညီသူတွေကနေ မျှော်လင့်နေကြပါတယ်။

spot_img
spot_img
spot_img

Recent posts