spot_imgspot_imgspot_imgspot_img
Thursday, March 28, 2024
spot_imgspot_imgspot_imgspot_img

အထင်ကရလည်ပတ်နေရာများယာယီပိတ်သိမ်း၊ စည်ပင်သာယာဈေးများ တစ်ပတ်သုံးရက်သာပြန်လည်ဖွင့်လှစ်

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ကိုရိုနာဗိုင်းရပ်(စ်) ထိန်းချုပ်ကာကွယ်ဖို့ ပြည်နယ်အတွင်းရှိ အထင်ကရလည်ပတ်တဲ့နေရာတွေကို ယာယီပိတ်သိမ်းလိုက်ပြီး စည်ပင်သာယာဈေးတွေကိုလည်း တစ်ပတ်သုံးရက်သာ ဖွင့်လှစ်ဖို့ ကယားပြည်နယ် အစိုးရကနေ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကယားပြည်နယ်အစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ စက်တင်ဘာလ ၉ ရက်နေ့ကစပြီး လိုက်နာဆောင်ရွက်သွားဖို့ ညွှန်ကြားချက်ကို ယမန်နေ့ စက်တင်ဘာလ ၈ရက်နေ့က ထုတ်ပြန်ထားပါတယ်။

လူစုလူဝေးမဖြစ်ပွားအောင် လည်ပတ်စရာ အထင်ကရနေရာတွေဖြစ်တဲ့ လွိုင်ကော်ထီးစဲခါးရေတံခွန်၊ ကြတ်ဂူ၊ ဒီမော့ဆို ငွေတောင်ဆည်၊ ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ပန်ပက်ကျေးရွာ၊ တနီးလာလဲ၊ ကွိုင်ငံ၊ ရေပြာအိုင်(နန်းမယ်ခုံ)၊ ဖရူဆို ထီးပရူနူဂူ၊ ဆင်ဖြူတောင် စတဲ့နေရာတွေကို စက်တင်ဘာလ ၉ ရက်နေ့စမှစ ၃၀ရက်နေ့အထိ ယာယီပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

ဒါ့အပြင် နေ့စဉ် ဖွင့်လှစ်ရောင်းချလျက်ရှိတဲ့ စည်ပင်သာယာဈေးတွေကိုလည်း အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေနေ့တွင်သာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ဈေးဆိုင်၊ ဈေး၊ ဈေးဝယ်သူတွေနဲ့ ဈေးကြီးကြပ်ရေးကော်မတီ လိုက်နာရမယ့် အချက်တွေကို ပြည့်စုံအောင် ဆောင်ရွက်ပြီး ဈေးဖွင့်လှစ်ရမှာဖြစ်ပါတယ်။

spot_img
spot_img

Recent posts