spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

ငြိမ်းချမ်းရေးဖြစ်စဉ်ကို တရားဝင်လေ့လာစောင့်ကြည့်ခွင့်မရှိသေးတဲ့အတွက် ငြိမ်းချမ်းရေးပံ့ပိုးသူတွေ လုံခြုံရေးစိုးရိမ်ရ

Author

Date

Category

အန်ထောနီ

ကယားပြည်နယ်ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးလေ့လာစောင့်ကြည့်တဲ့နေရာမှာ ယခုချိန်ထိ တရားဝင်လေ့လာစောင့်ကြည့်ခွင့်မရတဲ့အတွက် လုံခြုံမှု စိုးရိမ်နေကြရပါသေးတယ်လို့ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်သူတွေက ပြောဆိုနေကြပါတယ်။

၂၀၁၂ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP နဲ့ အစိုးရတို့ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီစာချုပ် ချုပ်ဆိုပြီးနောက် ဖွဲ့စည်းထားခဲ့ကြတဲ့ ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးကွန်ယက်( KSPMN) အဖွဲ့ဟာဆိုရင် အခုချိန်အထိ တရားဝင်လေ့လာစောင့်ကြည့်ခွင့်မရကြသေးတာဖြစ်ပါတယ်။

မြို့နယ်အလိုက် အုပ်စုအလိုက် ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့်သည့်အဖွဲ့ သို့မဟုတ် ငြိမ်းချမ်းရေးပံ့ပိုးရေးအဖွဲ့တွေကို မြို့နယ်တိုင်းနီးပါးဖွဲ့စည်းထားခဲ့ကြတာပါ။

ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို လေ့လာစောင့်ကြည့်တဲ့ ဘောလခဲမြို့နယ်က ဦးရှု့မောင် က “ ငြိမ်းချမ်းရေးပံပိုးတယ်ဆိုတဲ့နေရာမှာလည်း ကျနော်တို့ပံ့ပိုးတဲ့အဖွဲ့ KSPMN က မှတ်ပုံတင်မရှိသေးဘူးပေါ့၊ ရှိသလိုလို မရှိသလိုလိုဖြစ်နေတယ်။ Without လိုလိုဘာလိုလိုဖြစ်နေတယ်ပေါ့နော။ ဆိုတော့ လုပ်ရကိုင်ရတာ ကိုယ့်အတွက် လုံခြုံမှုသိပ်မရှိဘူးပေါ့။” လို့ ပြောပါတယ်။

ဒါ့အပြင် ဘောလခဲမြို့နယ် ငြိမ်းချမ်းရေးပံပိုးသူတွေတွက် ရုံးနေရာအတည်တကျမရှိတာတွေ စတဲ့လိုအပ်ချက်တွေရှိနေတာကြောင့် ငြိမ်းချမ်းရေးကို ထိရောက်စွာပံပိုးမှုမပေးနိုင်တဲ့ အနေအထားမျိုးမှာရှိနေတယ်လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်တဲ့လုပ်ငန်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ အတွက်
ထိုအခက်အခက်များကို ဖြေရှင်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးပံပိုးသူများက ဘေားလခဲမြို့နယ်အတွင်း ရွှေးကောက်ပွဲတွင် အနိုင်ရထားသော ကိုယ်စားလှယ်များအပေါ်တွင် များစွာမျှော်လင့်ထားကြပေမယ့် ကိုယ်စားလှယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် အကန့်အသတ့်တွေရှိနေတယ်လို့ ဆိုပါတယ်။

ဘောလခဲမြို့နယ်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကသာ ၂၀၁၀ ရွေးကောက်ပွဲ ကနေ အခု ၂၀၂၀ ရွေးကောက်ပွဲအထိ သုံးကြိမ်စလုံးမှာ အနိုင်ရထားတဲ့ နယ်မြေဖြစ်ပါတယ်။ အခု ရွေးကောက်ပွဲ အနိုင်ရပြီးနောက်မှာ ပြည်နယ် ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားမယ်လို့တော့ အနိုင်ရရှိထားတဲ့ ကိုယ်စားလှယ်တွေက ပြောဆိုနေကြပါတယ်။

သို့သော် အခုလို ငြိမ်ချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ကိုတော့ တရားဝင်မဟုတ်တဲ့အတွက် ပါဝင်ကူညီနိုင်ဖို့ အကန့်အသတ်တွေရှိနေသေးတယ်လို့ ကယားပြည်နယ်အမျိုးသားလွတ်တော် အမှတ် (၃) မဲဆန္ဒနယ်မှာ အနိုင်ရခဲ့တဲ့ ဦးကျော်သန်း ကပြောပါတယ်။

“ ကျနော်သိရသလောက်ကတော့ စောင့်ကြည့်ရေးအဖွဲ့ဆိုတာရှိတယ်ဗျ။ ဒါပေမယ့် သူတို့ဟာက တရားဝင်အဖွဲ့အစည်းဟုတ်သလား မဟုတ်ဘူးလားဆိုတာကို ကျနော်မသိဘူး။ တရားဝင်အဖွဲ့အစည်းဆိုရင်တော့ သူတို့အကူအညီလာတောင်းရင် ကျနော်တို့လုပ်ပေးလို့ရတယ်။ ။ တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးဆိုရင်တော့ အဲ့တာကျနော်တို့ဘယ်လိုမှ အကူအညီပေးလို့မရနိုင်ဘူးပေါ့နော် အဲ့လိုမျိုးလေးတွေ။ နောက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တာတို့ဘာတို့ဆိုရင်လည်း ကျနော်တို့ကိုယ်စားလှယ်တွေနဲ့ နည်းနည်းအကန့်အသတ်ရှိတယ်ပေါ့နော်။” လို့ ပြောပါတယ်။

ကယားပြည်နယ် ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်ရေးအဖွဲကို ပြီးခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးပြည်နယ်အဆင့်ဆွေးနွေးပြီးနောက် သဘောတူညီချက်တွေအရ ဖွဲ့စည်းထားခဲ့ကြတာ ဆိုပေမယ့်လည်း လက်တွေ့မှာ မည်သူ့အဖွဲ့ကမှ တရားဝင်အသိအမှတ်မပြုတဲ့အတွက် လေ့လာစောင့်ကြည့်နေတဲ့နေရာမှာ ပြည်သူလူထုအတွက် ဘဝလုံခြုံမှုမရှိတာကိုတွေ့နေရပါတယ်။

အဓိကတော့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းက သဘောတူညီထားတဲ့ အချက်အလက်တွေကို နှစ်ဖက်အဖွဲ့က လက်တွေ့မှာ လေးစားလိုက်နာမှုတွေရှိရဲ့လားဆိုတာတွေ စောင့်ကြည့်တင်ပြသွားကြတာဖြစ်ပါတယ်။

အခုတော့ ဒီအဖွဲ့ကို ငြိမ်းချမ်းရေးပံ့ပိုးသူတွေဆိုပြီး ပြန်လည်ဖွဲ့စည်းထားတယ်လို့သိရပါတယ်။

spot_img
spot_img

Recent posts