ကိုဗစ်ကာလ လူတိုင်းနီးပါး စီးပွားရေးအကျပ်အတည်နဲ့ရင်ဆိုင်နေကြရပြီးတော့ စားဝတ်နေရေးတွက် ရုန်းကန်ရှာဖွေရတလည်း ပိုမိုခက်ခဲလာပါတယ်။
အထူးသဖြင့် တစ်နေ့လုပ်တစ်နေ့စား အခြေခံလူတန်းစားများအတွက်ကတော့ ကြုံရာလုပ်ကိုလုပ်ကိုင်ကြရပြီးတော့ တစ်နေ့စာအသက်ရှင်ဖို့အတွက် တစ်နေ့တာပင်ပန်းခံကြရပါတယ်။
ဖားဆောင်းမြို့နယ် ခဲမဖြူရွာအနီးမှာရှိတဲ့ မိုလိုချောင်းမှာဆိုရင်လည်း ဒေသခံတစ်ချို့က သူတို့ရဲ့ စားဝတ်နေရေးအတွက် ချောင်းခဲဆေးတဲ့လုပ်ငန်းကိုလုပ်ကိုင်ရင်း သူတို့ရဲ့စားဝတ်နေရေးကို ဖြေရှင်းနေကြပါတယ်။
တစ်ချို့လာရောက်လုပ်ကိုင်တဲ့သူတွေကတော့ ဝေးလံခေါင်ဖျားတဲ့ဒေသကနေလာရောက်လုပ်ကိုင်ကြသူတွေလည်းရှိပြီး ဒီနေရာမှာပဲ အိမ်ထောင်ပြု အခြေချတဲ့သူတွေလည်းရှိပါတယ်။ အပြည့်အစုံကို ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။