အပတ်စဉ် တင်ဆက်နေကျ တိုင်းရင်းသားဘာသာ ရေဒီယို အစီအစဉ် (ကယန်း)
(တနင်္လာနေ့ ည ၇ နာရီတိုင်း)
ယခုတစ်ပတ်မှာတော့ ပြည်သူတွေအပေါ် အစိုးရကနေ တာဝန်ယူမှုနည်းတဲ့အတွက် ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေတယ်ဆိုတဲ့သတင်း၊ ယခုနှစ် မိုးမကောင်းလို့ ရှားတောမြို့နယ်မြောက်ပိုင်းကျေးရွာ တွေမှာ သီးနှံအရနည်းတယ်ဆိုတဲ့သတင်းနဲ့ “ဆည်ရေနည်းတဲ့အတွက် လယ်သမားတို့ အခက်အခဲကြုံနေရ” ဆိုတဲ့ ရေအခက်အခဲအကြောင်း ရေးသားထားတဲ့ ဆောင်းပါးလေးအပြင် ဒီတစ်ပတ် သီချင်းလက်ဆောင်အတွက် ဦးတန်မင်း ရေးစပ်ထားပြီး အဖွဲ့လိုက်သီဆိုထားတဲ့ ‘Kayan do Dyanpli’ သီချင်းဟောင်း သီချင်းကောင်းတစ်ပုဒ်တို့ကို ရွေးချယ်ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။