spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

“ပြည်နယ်ငြိမ်းချမ်းရေးဖြစ်စဉ်ကို လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်မရသေးဘူး” လို့ ဆိုတဲ့ ဆရာမာတီးယာ နဲ့ တွေ့ဆုံမေးမြန်းခြင်း

Author

Date

Category

အန်ထော်နီ

ဆရာမာတီးယာဟာ ကယားပြည်နယ် ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနေသူဖြစ်ပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ပါတ်သက်ပြီး ဘယ်လိုစောင့်ကြည့်နေရသလဲ၊ ဘာကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုစောင့်ကြည့်ဖို့ လိုသလဲ၊ ဆိုတာတွေကို ကန္တာရဝတီတိုင်း(မ်)က ဆရာမာတီးယာနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေထဲက တချို့ကိုကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။

မေး ။ ကယားပြည်နယ်ငြိမ်းချမ်းရေးကို လေ့လာစောင့်ကြည့်တဲ့ နေရာမှာ လွတ်လွတ်လပ်လပ်စောင့်ကြည့်ခွင့်ရှိလား။ ထိရောက်စွာစောင့်ကြည့်နိုင်သလား။

ဖြေ ။ ဒီလေ့လာစောင့်ကြည့်ရေးလုပ်ငန်းကို လွတ်လွတ်လပ်လွတ်စောင့်ကြည့်လို့ရလားဆိုတော့ မရဘူးပေါ့နော်။ မရဘူးဆိုတာက ဒီစောင့်ကြည့်ရေးလုပ်ငန်းက ရှိရမယ်လို့ ယေဘုယျအားဖြင့် လက်ခံကြတာပေါ့နော်။ အထူးသဖြင့် ဒီအစိုးရနဲ့ တပ်မတော်၊ EAO ကပေါ့။ လေ့လာစောင့်ကြည့်ရေးလုပ်ငန်းကတော့ရှိရမယ်လို့ အဲ့လိုနားလည်ထားကြပေမယ့်လည်း အဲ့တာကသူတို့ပဲလုပ်မှရမယ်ဆိုတဲ့ စဉ်းစားချက်မျိုးဖြစ်နေတယ်ပေါ့နော်။
အဲ့လိုဖြစ်နေတဲ့အခါမှာ ဒီလေ့လာစောင့်ကြည့်ရေးလုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှ ပြည်သူတစ်ဦးချင်း လေ့လာစောင့်ကြည့်တဲ့လုပ်ငန်းတွေမှာပါဝင်နိုင်ဖို့အတွက် ဒီအခွင့်အလမ်းတွေကို တိတိကျကျ ဖော်ပြတာမျိုးတွေမရှိဘူးပေါ့နော်။ မရှိတဲ့အခါမှာ အောက်ခြေမှာ လူထုကငြိမ်းချမ်းရေးနဲ့သက်ဆိုင်ပြီးတော့မှ စောင့်ကြည့်ရေးလုပ်ငန်းတွေလုပ်တဲ့အခါမှာပေါ့နော် သူတို့အတွက်စိုးရိမ်ပူပန်မှုတွေရှိတယ်။ ဘာလို့လဲဆိုတော့ ငြိမ်းချမ်းရေးလို့ပြောလိုက်ရင် အစိုးရနဲ့လက်နက်ကိုင်အဖွဲ့အစည်းနဲ့ပဲသက်ဆိုင်တယ်ဆိုတဲ့ အမြင်ရှုထောင့်ကလည်းရှိသေးတယ်ပေါ့နော်။ ဆိုတော့အဲ့ဒီအနေအထားပေါ်မှာပါဝင်ပတ်သက်နေတဲ့ ပြည်သူတစ်ဦးချင်းကတော့ အားမကောင်းဘူး လုံခြုံစိတ်ချရတဲ့အနေအထားကတော့ ရှိမနေဘူးပေါ့နော်။ အဲ့တာကတော့ စောင့်ကြည့်မှုနဲ့ဆိုင်တဲ့ပါဝင်မှုပေါ့နော်။

မေး။ ။ဒီလိုစောင့်ကြည့်မှုက ထိရောက်ရဲ့လား။

စောင့်ကြည့်မှုတွေက ထိရောက်လားလို့ ပြောတဲ့အခါမှာလည်း ကျနော်တို့က သဘောတူညီချက်နဲ့သွားကြရမှာပေါ့နော်။ သဘောတူညီချက်မှာက တစ်ဖက်ကနေ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်လာရင် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးကော်မရှင်နဲ့ ပူးပေါင်းဖြေရှင်းမယ်လို့ သဘောတူညီချက်တွေထဲမှာပါတယ်။ အဲ့လိုပဲ ဒီငြိမ်းချမ်းရေးလုပ်ငန်းမှာပါဝင်လာတဲ့ ပြည်သူတစ်ဦးချင်းစီဖြစ်စေ လူပုဂ္ဂိုလ်အဖွဲ့အစည်းဖြစ်စေ ၊ ဒီလိုခြိမ်းခြောက်တာတွေ မတရားခြိမ်းခြောက်တာတွေမလုပ်ရဘူးလို့ပြောတယ်။ အဲ့တာတတိယအကြိမ်သဘော တူညီချက်ထဲမှာပါတယ်။ နောက်ပြီးတော့ စတုတ္ထအကြိမ်သဘောတူညီချက်ထဲမှာလည်း ပြည်သူလူထုရဲ့တိုင်ကြားမှုကို လက်ခံအရေးယူဖြေရှင်းပေးရမယ်လို့ပြောတယ်။ ဆိုတော့ဒီဟာတွေကတော့ သဘောတူညီချက်အရကတော့ သိနေပေမယ့်လည်း ဒီသဘောတူညီချက်တွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဘယ်လိုအရေးယူဆောင်ရွက်မှုလုပ်မလဲ၊ ဆိုတဲ့ဒီလို စနစ်တကျပြန်ပြီးတော့ လိုအပ်တဲ့လုပ်ထုံးလုပ်နည်းတွေ ကျင့်ဝတ်တွေ ထပ်ပြီးတော့မဖော်ထုတ်နိုင်တဲ့အခါမှာ ဒီသဘောတူညီချက်နဲ့ပတ်သက်ပြီးတော့ စောင့်ကြည့်လေ့လာတဲ့အခါမှာ ထိရောက်မှုက အဲ့မှာအခက်အခဲရှိတယ်။
အဲ့တော့ဒီဟာကိုအားကောင်းဖို့က သက်ဆိုင်ရာအစုအဖွဲ့ဖြစ်တဲ့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့အစိုးရတွေက သူတို့ကိုယ်တိုင် ဒီဟာကိုပြန်ပြီးတော့အသက်ဝင်အောင်လုပ်ရမယ်။ တစ်ကယ်ပဲပြည်သူ လူထုရဲ့ တိုင်ကြားမှုတွေကို သူတို့သဘောတူညီချက်နဲ့ ဆက်စပ်ပြီးတော့မှ ဆက်စပ်ပြီးတော့ ဖြစ်လာတဲ့ ဒီတိုင်ကြားမှုတွေကို အမှန်တစ်ကယ်အရေးယူဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ အဲ့လိုမျိုးရှိဖို့တော့ လိုတယ်ပေါ့နော်။ ဆိုတော့အဲ့လိုမျိုးရှိခြင်းက အောက်ခြေမှာပါဝင်ပြီးတော့ လေ့လာစောင့်ကြည့်ရေးလုပ်နေတဲ့ ပြည်သူတစ်ဦးချင်းက လုပ်ရတာ ပိုမိုချောမွေ့စေပြီးတော့မှ ငြိမ်းချမ်းရေးကို ထိန်းသိမ်းတဲ့နေရာမှာ အကျိုးရှိပြီးတော့မှ ထိရောက်တဲ့လေ့လာစောင့်ကြည့်မှုကို ပိုလုပ်ဆောင်နိုင်မှာပေါ့နော်။ ဆိုတော့ အဲ့ဒီအနေအထားမျိုးကမဖြစ်လာဘူး ။
အဲ့ဒါကြောင့် ကယားပြည်နယ်မှာ ငြိမ်းချမ်းရေးလေ့လာ စောင့်ကြည့်ရေးလုပ်ငန်း လုပ်တာက တတ်နိုင်သလောက်ကတော့ လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို ထိခိုက်မှုနည်းနိုင်သမျှ နည်းအောင် ထိန်းသိမ်းပြီးတော့မှ လုပ်ဆောင်ရတဲ့အပိုင်းတွေဖြစ်လာတဲ့အခါမှာ တကယ့်သဘောတူညီချက်နဲ့ ဆိုင်တဲ့ချိုးဖောက်မှုတွေမှာ၊ ကိစ္စအကြီးတွေမှာဆိုရင် ပါဝင်ပတ်သက်မှုက ထိရောက်မှုသိပ်မရှိဘူး အားနည်းတယ်။ သို့သော်လည်းပဲ လေ့လာစောင့်ကြည့်တဲ့ယန္တာယားက ဒီကယားပြည်နယ်မှာရှိနေတယ်ဆိုတဲ့ဟာတစ်ခုကတော့ နှစ်ဖက်အဖွဲ့အစည်းအတွက် သတိထားစရာတွေပေ့ါ။
သူတို့လုပ်ငန်းတွေ အကောင်အထည်ဖော်တဲ့နေရာမှာပဲဖြစ်ဖြစ် တစ်ခြားကိစ္စရပ်တွေလုပ်ဆောင်နေတဲ့အခါမှာ ကျနော်တို့ကိုစောင့်ကြည့်နေတဲ့ပြည်သူလုထုရှိတယ်ဆိုတာ သိရှိထားတာဖြစ်တဲ့အတွက် သူတို့တာတွေကိုပိုပြီးတော့မှ အလေးထားတဲ့ဟာမျိုးတွေတော့နည်းနည်းပါးပါးရှိတယ်။ ပြီးတော့အောက်ခြေမှာ တင်းမာမှုနဲ့ပတ်သက်ပြီးတော့မှ အရင်ကနဲ့ယှဉ်ရင်ပိုပြီးလျှော့ကျလာတယ်။ တိုက်ပွဲမဖြစ်ဘူးလားဆိုရင် ဖြစ်တာပေါ့နော်။ ဒါပေမယ့် အရင်ကနဲ့ယှဉ်ရင် ဖြစ်ပွားမှုက နည်းနည်းကျဲသွားတာရှိတယ်။ ဖြစ်ခါနီးဆိုတဲ့အခြေအနေမျိုးမှာ စောင့်ကြည့်သူတွေက တတ်နိုင်သလောက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညိုနိုင်းမှုတွေလုပ်ပေးတဲ့အခါမှာ ကျနော်တို့ကယားပြည်နယ်က NCA ထိုးတဲ့အနေအထားမျိုး မရောက်သေးပေမယ့်လည်း ပဋိပက္ခ ဖြစ်ပွားမှုကတော့ နည်းနည်းလျှော့ကျလာတယ်။ ဆိုတော့ပြည်သူလူထုတစ်ယောက်ချင်းကနေပါဝင်တဲ့ ငြိမ်းချမ်းရေးလမ်းစဉ်မှာ တတ်နိုင်သလောက်ထိန်းသိမ်းတဲ့လုပ်ငန်းတစ်ခုဖြစ်တယ်လို့ပဲ ပြောချင်တယ်။

မေး ။ ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်တဲ့အဖွဲ့အနေနဲ့ ဘာတွေလုပ်ပိုင်ခွင့်ရှိလဲ။ လုပ်ပိုင်ခွင့်ကို ကန့်သတ်တာမျိုးရှိလား။

ဖြေ ။ လုပ်ပိုင်ခွင့်က ဘားမှမဖော်ပြထားဘူးလေး။ သဘောတူညီချက်ထဲမှာက ပြည်သူလူထုနဲ့ ဆိုင်တဲ့အခွင့်အရေးတွေ ဒီငြိမ်းချမ်းရေး၊ နိုင်ငံရေးနဲ့ထိစပ်နေတဲ့လူတွေကို မဖမ်းဆီးရဘူးလို့ပဲ ပြောထားတာဖြစ်တယ်။ ဒါပေမယ့်အဲ့လိုပြောထားပြီးတော့မှ အဲ့ဒီသဘောတူညီချက်ကို နှစ်ဖက်လုံးက တာဝန်ယူဖြေရှင်းတာမျိုးတွေမရှိဘူး။ မရှိတော့ လုပ်ပိုင်ခွင့်ဘားမှမရှိဘူး။ အဲ့တော့ပြည်သူလူအနေနဲ့ပဲ ခြိမ်းခြောက်မှုတွေမဖြစ်စေဖို့ပဲ လမ်းကြောင်မှန်မှန်နဲ့ သက်ဆိုင်ရာကို အသိပေးနိုင်တဲ့ ယန္တာယား ကိုပဲ လုပ်နိင်တဲ့အနေအထားမျိုးဖြစ်တယ်။

ဆိုတော့ ဒါက ဘယ်အဖွဲ့အစည်းကမှ တရားဝင်ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းမဟုတ်ဘူး။ ဒါကိုလူထုအနေနဲ့လုပ်သင့်တယ်ဆိုပြီးတော့မှ ဒီလုပ်ငန်းစဉ်ကိုထိန်းသိမ်းသင့်တယ်။ မထိန်းသိမ်းဘူးဆိုရင် အတိတ်ကငြိမ်းချမ်းရေးလုပ်ငန်းစဉ်လိုမျိုးပဲ ခဏလေးနဲ့ပျက်ပြယ်သွားမှာဖြစ်တယ်ပေါ့နော်။ ဆိုတော့ လူထုတစ်ဦးချင်းသော်လည်းကောင်း ငြိမ်းချမ်းရေးကိုစိတ်ဝင်စားတဲ့ အဖွဲ့အစည်းတွေလည်း ဒီဟာကိုတတ်နိုင်သလောက် လုပ်ဆောင်သင့်တယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ကယားပြည်နယ်မှာ ဒီလိုကွန်ယက်တစ်ခုကို ထားကို ထားရမယ်ဆိုတဲ့ မျော်မှန်းချက်နဲ့ လုပ်တဲ့လုပ်ငန်းစဉ်ပဲဖြစ်တယ်။ အဲ့တော့ ဘားမှလုပ်ပိုင်ခွင့်တော့မရှိပါဘူး။

မေး ။ ငြိမ်းချမ်းရေးကို ထိရောက်စွာလေ့လာစောင့်ကြည့်နိုင်ဖို့အတွက် ဘာတွေလိုအပ်သေးလဲ။ လာမယ့် အစိုးရသစ် သက်တမ်းမှာ ဘယ်လိုတွေတောင်းဆိုချင်လဲ။

ဖြေ ။ အရင်ကသဘောတူညီချက်ထဲမှာ ပိတ်ဆို့မှုဖြစ်သွားတဲ့ဟာက (JMC) လို့သူတို့ပြောတဲ့ ပူးတွဲစောင့်ကြည့်ရေးကောင်မတီပေါ့။ အဲ့လိုယန္တာယားတွေကို ပြန်ပြီးတော့မှ အသက်သွင်းဖို့လိုတယ်ပေါ့နော်။ တက်လာမယ့်အစိုးရနဲ့ KNPP နဲ့က ဒီဟာကိုပြန်ပြီးတော့ အသက်သွင်းဖို့လိုတယ်။ အဲ့လိုပဲ ပြည်သူလူထုရဲ့တစ်ဦးချင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုပြီးတော့မှ ပြည်သူလူထုနဲ့တိုက်ရိုက်ချိတ်ဆက်တဲ့ ယန္တာယားဖြစ်တဲ့အတွက် ဒီဟာကိုပိုပြီးတော့ လုပ်ကိုင်ခွင့်ရှိဖို့အတွက် အာမခံချက်ရှိတဲ့ဟာမျိုးတွေ ဒီနှစ်ဖက်က ဆွေးနွေးညိုနိုင်းပြီးတော့မှ သဘောတူညီမှုတွေ ရယူပေးဖို့လိုတယ်ပေါ့နော်။ အဲ့လိုပဲငြိမ်းချမ်းရေးကိုပိုမိုအားကောင်းတဲ့ နှစ်ဖက်ပေါ့ ။ စေ့စပ်ညိုနိုင်းမှုတွေပိုမိုအားကောင်းလာဖို့အတွက် နှစ်ဖက်ဆက်ဆံရေးပေါ့ ။ အစိုးရဖက်ကနေငြိမ်းချမ်းရေးကို အမှန်တယ်ကယ် တာဝန်ယူဖော်ဆောင်ပေးမယ့် အစုအဖွဲ့ ၊ အဲ့လိုပဲ KNPP ဖက်ကနေငြိမ်းချမ်းရေးကို အမှန်တစ်ကယ်တာဝန်ယူ ဖော်ဆောင်ပေးမယ့်အစုအဖွဲ့ ဆိုပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးမယ့် အစုအဖွဲ့တွေ တိတိကျကျပြန်ပြီးတော့မှ လုပ်ဆောင်ပေးဖို့လိုအပ်တယ်ပေါ့နော်။ ဒါမှပဲငြိမ်းချမ်းရေးမှာပါဝင်ပါသတ်နေတဲ့ အလွှာတိုင်းက လုံခြုံစိတ်ချရတဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်လာမှာပေါ့နော်။

မေး ။ KNPP အနေနဲ့ NCA မထိုးရသေးတဲ့အပေါ်မှာ ဘယ်လိုသုံးသပ်လဲ။

ဖြေ ။ KNPP က NCA မထိုးတာကတော့ သူတို့ပါတီရဲ့ရပ်တည်ချက်နဲ့ မူဝါဒတွေနဲ့ပဲဆိုင်မှာပေါ့နော်။ အဲ့တာကတော့ တစ်ပိုင်းဖြစ်မယ်။ ကျနော်တို့ကတိတိကျကျအဲ့တာတွေမသိနိုင်ဘူး။ မသိနိုင်ဘူးဆိုတာက သူတို့အနေနဲ့ငြိမ်းချမ်းရေးကို ဘယ်လိုအောင်မြင်အောင်လုပ်မလဲဆိုတဲ့ဟာက သူတို့ မှာရှိပြီးသား။ ဒီမိုကရေစီကို ဘယ်လိုတက်လာရမလဲဆိုတဲ့ မှုဝါဒတွေကရှိပြီးသားပဲ။ ဒါပေမယ့်လည်း NCA ထိုးခြင်းမထိုးခြင်းဆိုတဲ့ အကန့်လေးကိုပဲကြည့်မယ်ဆိုရင် အခုကNCAထိုးပြီးသားဖြစ်တဲ့ အဖွဲ့ ၁၀ ဖွဲ့ရဲ့နယ်မြေတွေမှာ ပြန်ကြည့်မယ်ဆိုရင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အပစ်ရပ်စဲတဲ့အနေအထားအထိမလုပ်နိုင်ဘူး။ မလုပ်နိုင်တာဖြစ်တဲ့အတွက် မထိုးသေးတဲ့KNPP အဖွဲ့အစည်းအတွက်က အခက်အခဲပိုဖြစ်စေတယ်ပေါ့နော်။ ဆိုတော့မထိုးရတဲ့အကြောင်အရင်းက ဒီဟာတွေဖြစ်နိုင်တယ်ပေါ့နော်။

spot_img
spot_img

Recent posts