တိုးချဲ့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ လမ်းတွေကို ကတ္တရာ လမ်းခင်းဖို့ ၂၀၂၁-၂၂ ဘဏ္ဍရေးနှစ်မှာ လျာထား

0
621

အန်ထော်နီ

တိုးချဲ့ နမ့်ကွတ်ရပ်ကွက်အတွင်းရှိ လမ်းတွေကို ဆောင်ရွက်ဖို့ မေးမြန်းသွားတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးကို မြင်တွေ့ရစဉ်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ် တိုးချဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ နမ့်ကွတ်ရပ်ကွက်ရှိ မြေသားလမ်းတွေဖြစ်တဲ့ အမှတ် ၄ နဲ့ ၅ လမ်းတွေကို ကတ္တရာလမ်းခင်းပေးဖို့လွတ်တော်မှာ တင်ပြဆွေးနွေးခဲ့ပါတယ်။

ဒုတိယအကြိမ်ကယားပြည်နယ် လွှတ်တော် (၂၀) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒုတိယနေ့အခမ်းအနားတွင် မယ်စဲ့မြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးအေင်နိုင်ဦးက ကတ္တရာလမ်းခင်းဖို့ ရှိမရှိ မေးမြန်းခဲ့တာပါ။

ဦးအောင်နိင်ဦးရဲ့မေးခွန်းကို ပြည်နယ်စည်ပင်သာယာရေးနဲ့ လူမှုရေးဝန်ကြီးက ဒေါင်တာအောင်ကျော်ဌေးက “ မေးခွန်းနှစ်ခုနဲ့ပတ်သက်ပြီးတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်မှာ ထည်သွင်းရေးဆွဲ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဖြေကြားလိုပါတယ်” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ထို့အပြင် ဘီလူးချောင်းရပ်ကွက်အဘေးမှာတည်ရှိတဲ့ နမ့်ကွက်ရပ်အတွင်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ဖို့အတွက်ကိုလည်း လာမယ့်ဘတ်ဂျက်နှစ်မှာ တပါတည်း ထည့်သွင်းရေးဆွဲ ဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။

နမ့်ကွတ်ရပ်ကွက်မှာ ဒေသခံတိုင်းရင်းသားဖြစ်တဲ့ ကယားတိုင်းရင်းသား အများဆုံးနေထိုင်တဲ့ ရပ်ကွက်တစ်ခု ဖြစ်ပါတယ်။