spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်ဖို့အတွက် ပြည်နယ်အတွင်းလူဦးရေစာရင်းကောက်နေ

Author

Date

Category

စိုးထိုက်အောင်

ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုတွေရဲ့ လူဦးရေစာရင်းတွေကို လိုက်ကောက်နေတယ်လို့ လွိုင်ကော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်းက ပြောပါတယ်။

“ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ရေးအတွက် လက်ရှိရပ်ကွက်၊ ကျေးရွာအုပ်စုများမှာ နေထိုင်လျက်ရှိတဲ့ အိမ်ထောင်စုများတွေရဲ့ လူဦးရေစာရင်းကို အမျိုးအစားခွဲပြီးကောက်ခံနေပါတယ်။”လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ကယားပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ဇန်နဝါရီလ ၂၄ရက်နေ့လောက်ကစပြီး လူဦးရေစာရင်းတွေကို လိုက်ကောက်နေတာဖြစ်ပါတယ်။

“ အိမ်ထောင်စုအလိုက် ပေးလိုက်လို့တော့ ရတယ်။ သို့သော် အားလုံးကြီးမရတော့ ကျတော့။ ကျနော်ယူဆချက်ပေါ့နော်။ ဦးစားပေးအဆင့် အလိုက် ကလေးတွေနဲ့ ရှေ့တန်းမှာ တိုက်ပွဲဝင်နေကြတဲ့ ကျန်းမာရေးဝန်ထမ်းလေးတွေ ဒါတွေကို ဦးစားပေးရမှာပေါ့။ ကျန်းမာရေးဝန်ထမ်းတွေ ဒါတွေကို ဦးစားပေးပြီးတော့ အစဉ်လိုက်သွားမယ့် သဘောတော့ ရှိတယ်။”လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်ကာကွယ်ဆေးထိုးပေးမယ့်သူများကို ဦးစားပေးအလိုက်ရွေးချယ်ဆောင်ရွက်ထားမှုမှာ ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပါဝင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီလ ၂၁ ရက်မှာ ပြောကြားသွားခဲ့ပါတယ်။

လူဦးရေစာရင်းတွေက အစထဲကရှိနေပေမယ့်လဲ ကျေးရွာ၊ ရပ်ကွက်တွေမှာ ပြောင်းရွေ့နေတဲ့ လူဦးရေးစာရင်းတွေကို ပြန်စစ်ဖို့ ကောက်ခံနေတာဖြစ်တယ်လို့ ဦးရန်နိုင်ဝင်းက ပြောပါတယ်။

လိုက်ကောက်ထားတဲ့ လူဦးရေစာရင်းတွေကို ကျေးရွာ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အထွေထွေအုပ်ချုပ်ရေးရုံးကို ဒီကနေ့ (ဇန်နဝါရီလ ၂၇ ရက်နေ့) မှာ အပြီးပို့ဖို့ရှိတယ်လို့ ငွေတောင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းချိုကဆိုပါတယ်။

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံကို ချစ်ကြည်ရေးထောက်ပံ့မှု လက်ဆောင်အဖြစ်ပေးတဲ့ အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး(COVISHIELD) တစ်သန်းခွဲ ဟာ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိလာပါတယ်။

ပထမဆုံးအနေနဲ့ လူဦးရေ ၇သိန်း၅သောင်းကို ကာကွယ်ဆေးထိုးနိုင်ဖို့အတွက် ပြန်ဆင်နေတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts