Wednesday, April 14, 2021

ပြည်သူ့ခံတပ်

Must read

စီးပွားရေး၊ ကျန်းမာရေးတွေကောင်းမွန်အောင် တစ်နှစ်တစ်ခါ ကျင်းပတဲ့ တံခွန်တိုင်ပွဲ (ခေါ်) သျားအီးလှူး (ခေါ်) ကေထျိုးဘိုးပွဲ

ကန္တာရဝတီတိုင်း (မ်) လူမျိုးစုတွေတိုင်းမှာ သူတို့ရဲ့ယုံကြည်မှုနဲ့ ပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တွေရှိကြပါတယ်။ကယား(ကရင်နီ)လူမျိုးစုတို့ရဲ့ ရိုးရာဓလေ့တွေထဲမှာ တံခွန်တိုင်ပွဲဟာ လူသိများတဲ့ ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါတယ်။ တံခွန်တိုင်ပွဲကို ကယား(ကရင်နီ)လို...

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မိုးရေထဲမှာ ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း (မ်) ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကန်ခုနစ်ဆင့်မှာ ဧပြီ ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်ကို မိုးရေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့လူတွေအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်လို့...

အကြပ်အတည်းကာလအတွင်း ပုဂ္ဂလိကချေးငွေများပြန်လည်ပေးသွင်းရန် အခက်ခဲရှိနေကြ

ကန္တာရဝတီတိုင်း(မ်) အရေးတော်ပုံကာလအတွင်း ပြည်သူတွေခက်ခဲနေသလို၊ CDM ပြုလုပ်တဲ့ဝန်ထမ်းတစ်ချို့ ကလည်း လစာမရတဲ့အတွက်ကြောင့် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေမှာ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အခက်အခဲရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့်...

ကလေးငယ်တွေနိုင်ငံသားအသိပညာတွေ ရရှိစေဖို့ စေတနာ့ဝန်ထမ်းတွေသင်ကြားပေးနေ

ကန္တာရဝတီတိုင်း(မ်) နှစ်စဉ်ပုံမှန် နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် ကလေးသူငယ်တွေအတွက် ဘာသာအသီးသီးက စေတနာ့ဝန်ထမ်းတွေက သူတို့ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာရေးအလိုက် ကလေးသူငယ်တွေ လိမ္မာရေးခြားရှိစေဖို့ ၊ ဘာသာတရားကိုင်းရှိုင်းတတ်ဖို့ ၊ နိုင်ငံ့သားကောင်းရတာနာပီသဖို့ နိုင်ငံသားအသိပညာတွေရှိဖို့...

ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ်က ရပ်ကွက်ကျေးရွာတွေတိုင်းမှာ ခြံစည်းရိုးတွေ အခိုင်အမာကာရံထားပါတယ်။
နေ့ရောညပါ အလှည့်ကျ ကင်းစောင့်တဲ့အလုပ်ကိုလည်းလုပ်ထားကြပါတယ်။
ရပ်ကွက်တွေတိုင်းမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်ကြေညာကြပါတယ်။

တချို့ကျေးရွာတွေမှာတော့ ဘိလပ်မြေအိတ်နဲ့သဲမြေကို အသုံပြုပြီး ခံတပ်ပုံစံ ပြုလုပ်ထားတာကိုလည်းတွေ့ရပါတယ်။

ပြည်သူတွေက စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခုလို ကိုယ့်ကျေးရွာကို အကာအကွယ် ပြုလုပ်ကြတာဖြစ်ပါတယ်။

လွိုင်ကော်လူငယ်တစ်ဦးက

“အရံအတားဘာလို့လုပ်ရလဲဆိုတော့ အခုအာဏာသိမ်းစစ်ကောင်စီလို့ သူတို့ကိုယ်နာမည်တပ်တဲ့ စစ်သူပုန်အဖွဲ့က နေ့ခင်းဆိုလူတွေကို စနိုက်ပါတွေနဲ့ပစ်သတ်တယ်။ ညဘက်တွေဆို မတရားဖမ်းဆီးပြီးတော့ အလောင်းတွေကို ပြန်ပို့တယ်။ အဲ့ဒါကြောင့် စည်းရိုးကာထားတာဖြစ်တယ်။ လုံခြုံလားဆိုတော့ အဲ့လို အတိုင်းအတာတစ်ခာလောက်အထိတော့လုံခြုံပါတယ်။ သူတို့အရှေ့ကနေဝင်သွားရင် ကျနော်တို့ကင်းစောင့်တွေက အနောက်ကနေပြန်ပစ်မယ်။ အရှေ့ကနေပြန်ပစ်မယ်။ အဲ့ဒါကြောင့်သူတို့လာဖမ်းလို့ မပါသွားတဲ့ CDM ဝန်ထန်းတွေအများကြီးရှိပါတယ်။ တချို့ကျတော့ သူတို့အင်အားတအားအများကြီးနဲ့လာဖမ်းရင်တော့ပါသွားကြတာပါပဲ။”

အာဏာသိမ်းပြီးနောက်ပိုင်း ညဘက်တွေမှာ ရဲနဲ့စစ်တပ်က ပြည်သူတွေရဲ့ အိမ်ကို ဝင်ရောက်ရှာဖွေစစ်ဆေးဖမ်းဆီးခေါ်ဆောင်တာတွေရှိနေပါတယ်။

အာဏာသိမ်းစစ်ကောင်စီက မြို့နယ်တချို့တွေမှာ ညမထွက်ရအမိန့်ဖြစ်တဲ့ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်တာတွေပြုလုပ်ပါတယ်။

၂၀၂၀ရေွးကောက်ပွဲအပြီး ပထမဆုံးအကြိမ်းလွှတ်တော်ခေါ်မယ့်အချိန်မှာ ရွေးကောက်ပွဲရလဒ်မသာမာမှုကြောင့် အာဏာတစ်နှစ်သိမ်းမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာလိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီးနောက် အာဏာသိမ်းတာ လေးကြိမ်ရှိသွားပါပြီ။
ပြည်သူတွေကတော့ စစ်အာရှင်ဆန့်ကျင်တဲ့လှုပ်ရှားမှု သပိတ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။

အာဏာသိမ်းစစ်ကောင်စီဘက်ကတော့ သပိတ်မှောက်ပြည်သူတွေကို လက်နက်တွေနဲ့ အကြမ်းဖက်ဖြိုခွင်းနေပါတယ်။

သပိတ်ခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ကြိုးစားခြင်း၊ Mobile data တွေကိုဖြတ်တောက်ခြင်း စတဲ့နည်းတွေနဲ့ သပိတ်မှောက်မှုကိုရပ်တန့်အောင် အာဏာသိမ်းစစ်ကောင်စီဘက်က ပြုလုပ်နေတာကိုလည်းတွေ့ရပါတယ်။

ပြည်သူတွေဘက်ကတော့ အာဏာရှင်စနစ်အမြစ်ဖြတ်မယ်၊ အာဏာသိမ်းတာဒီတစ်ကြိမ်နောက်ဆုံးဖြစ်ရမယ်ဆိုတဲ့ G-Z(Generation-Z)ကို ကိုယ်စားပြုပြီး နည်းမျိုးစုံအသုံးပြု သပိတ်မှောက်နေကြပါတယ်။

Comments

comments

- Advertisement -
- Advertisement -

Latest article

စီးပွားရေး၊ ကျန်းမာရေးတွေကောင်းမွန်အောင် တစ်နှစ်တစ်ခါ ကျင်းပတဲ့ တံခွန်တိုင်ပွဲ (ခေါ်) သျားအီးလှူး (ခေါ်) ကေထျိုးဘိုးပွဲ

ကန္တာရဝတီတိုင်း (မ်) လူမျိုးစုတွေတိုင်းမှာ သူတို့ရဲ့ယုံကြည်မှုနဲ့ ပြုလုပ်လေ့ရှိတဲ့ ရိုးရာဓလေ့တွေရှိကြပါတယ်။ကယား(ကရင်နီ)လူမျိုးစုတို့ရဲ့ ရိုးရာဓလေ့တွေထဲမှာ တံခွန်တိုင်ပွဲဟာ လူသိများတဲ့ ရိုးရာဓလေ့ပွဲတစ်ခုဖြစ်ပါတယ်။ တံခွန်တိုင်ပွဲကို ကယား(ကရင်နီ)လို...

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု မိုးရေထဲမှာ ပြုလုပ်ခဲ့

ကန္တာရဝတီတိုင်း (မ်) ကယားပြည်နယ် ဒီးမော့ဆိုမြို့ ကန်ခုနစ်ဆင့်မှာ ဧပြီ ၆ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုသပိတ်ကို မိုးရေထဲမှာ ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ရေးမှာ အသက်ပေးသွားတဲ့လူတွေအတွက် ဆက်လက်တိုက်ပွဲဝင်ပေးရမယ်ဆိုတဲ့စိတ်နဲ့ ဒီသပိတ်ကို လာရခြင်းဖြစ်တယ်လို့...

အကြပ်အတည်းကာလအတွင်း ပုဂ္ဂလိကချေးငွေများပြန်လည်ပေးသွင်းရန် အခက်ခဲရှိနေကြ

ကန္တာရဝတီတိုင်း(မ်) အရေးတော်ပုံကာလအတွင်း ပြည်သူတွေခက်ခဲနေသလို၊ CDM ပြုလုပ်တဲ့ဝန်ထမ်းတစ်ချို့ ကလည်း လစာမရတဲ့အတွက်ကြောင့် အစိုးရမဟုတ်တဲ့ ပုဂ္ဂလိက ချေးငွေလုပ်ငန်းတွေမှာ ချေးယူထားတဲ့ ငွေတွေကို ပြန်ဆပ်ဖို့အခက်အခဲရှိနေကြတာဖြစ်ပါတယ်။ ဒါကြောင့်...

ကလေးငယ်တွေနိုင်ငံသားအသိပညာတွေ ရရှိစေဖို့ စေတနာ့ဝန်ထမ်းတွေသင်ကြားပေးနေ

ကန္တာရဝတီတိုင်း(မ်) နှစ်စဉ်ပုံမှန် နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် ကလေးသူငယ်တွေအတွက် ဘာသာအသီးသီးက စေတနာ့ဝန်ထမ်းတွေက သူတို့ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာရေးအလိုက် ကလေးသူငယ်တွေ လိမ္မာရေးခြားရှိစေဖို့ ၊ ဘာသာတရားကိုင်းရှိုင်းတတ်ဖို့ ၊ နိုင်ငံ့သားကောင်းရတာနာပီသဖို့ နိုင်ငံသားအသိပညာတွေရှိဖို့...

ရွာတွေမှာ နယ်လှည့်ကျန်းမာရေးအဖွဲ့ကိုအားကိုးနေကြရ

ကန္တာရဝတီတိုင်း(မ်) ကယား(ကရင်နီ)ပြည်နယ် ကျေးလက်ဒေသဘက်မှာ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းမှာတော့ ပြည်သူတွေက ကရင်နီနယ်လှည့်ကျန်းမာရေး အဖွဲ့ကနေ ဖွင့်လှစ်ထားတဲ့ ဆေးပေးခန်းမှာပဲ အဓိက အားကိုးအားထားနေကြရတယ်လို့သိရပါတယ်။ အမျိုးသားဖြစ်သူက အရိုးကင်ဆာနဲ့ အိပ်ယာထဲမှာလှဲနေပြီး...

Comments

comments