spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

ကလေးငယ်တွေနိုင်ငံသားအသိပညာတွေ ရရှိစေဖို့ စေတနာ့ဝန်ထမ်းတွေသင်ကြားပေးနေ

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

နှစ်စဉ်ပုံမှန် နွေရာသီကျောင်းပိတ်ရက်တွေမှာဆိုရင် ကလေးသူငယ်တွေအတွက် ဘာသာအသီးသီးက စေတနာ့ဝန်ထမ်းတွေက သူတို့ယုံကြည်ကိုးကွယ်ကြတဲ့ ဘာသာရေးအလိုက် ကလေးသူငယ်တွေ လိမ္မာရေးခြားရှိစေဖို့ ၊ ဘာသာတရားကိုင်းရှိုင်းတတ်ဖို့ ၊ နိုင်ငံ့သားကောင်းရတာနာပီသဖို့ နိုင်ငံသားအသိပညာတွေရှိဖို့ သင်ကြားပို့ချ ပေးလေ့ရှိတတ်ကြပါတယ်။

ဒီလို စစ်အာဏာရှင်လက်ထက်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်နေကြသူတွေနဲ့ ပြည်သူတွေမှာ နေ့ညမနားတမ်း ဆန္ဒပြနေကြချိန်မှာ မအားလပ်တဲ့ကြားထဲက တချို့သော ကျေးရွာမှာရှိကြတဲ့ စေတနာ့ဝန်ထမ်းတွေကတော့ ကလေးသူငယ်တွေအတွက် အချိန်ရသလောက် နိုင်ငံသားအသိပညာတွေ သင်ကြားပေးနေတာတွေ့ရပါတယ်။

ဖရူဆိုမြို့နယ် ကေးလျားကျေးရွာအုပ်စု ဒေါတကလဲကျေးရွာမှာဆိုရင် မူလတန်းကလေးအရွယ်တွေ ရတဲ့အချိန်လေးတွေမှာ အသိပညာဗဟုတရရှိစေဖို့ ၊ လူလူချင်း သနားစာနာညာတာထောက်ထားတတ်ဖို့ ဘာသာတရားရိုသေလေးစားဖို့ အတွက် စေတနာ့ဝန်ထမ်း ဆရာမေတြက သင်ကြားပို့ချပေးနေတယ်လို့ ဆရာမ ဒေါ်မာရိက ပြောပါတယ်။

ကလေးတွေအတွက် မလစ်ဟင်းသွားစေဖို့ ၊ လိမ္မာရေးခြားရှိပြီးတော့ သူတို့တစ်သက်တာ သူတို့ဘဝတိုးတက်စေဖို့ ၊ သူတို့ ဘဝ ရှေ့ရေးအတွက် သနားညာတာတတ်တဲ့စိတ် စာတွေရှေ့ဆက်လေ့လာဖို့ အတွက် မမေ့ဖို့သင်ကြားပေးတယ်။ အဲဒီအထဲမွာ ကယားစာပေတွေအမျိုးသားရေးအသိပညာတွေ ၊ စာပေစကားမမေ့ပျောက်ဖို့အတွက်တွေ ရည်ရွယ်ပြီးသင်ကြားပေးတာဖြစ်ပါတယ်။ တချို့လူငယ်တွေက ဘဝပျက်သွားရတာတွေရှိတယ်။ ဒီလိုမျိုးတွေ ဆက်မဖြစ်သွားစေဖို့ သင်ကြားရခြင်းဖြစ်တယ်။

ကလေးသူငယ်တွေအတွက် စုပေါင်းနေထိုင်တတ်တဲ့အလေ့အကျင့်တွေရစေဖို့ ၊ အပြန်အလှန်လေးစား ချစ်ခင်သနားကြင်နာတတ်စေဖို့ ၊ အားနည်းသူကိုအထင်မသေးဖို့ အားပေးတတ်ဖို့ စတာတွေကို သီးချင်း ၊ ကဗျာတွေနဲ့ သင်ကြားပေးနေတာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားရေစိတ်ဓါတ်ရှိစေဖို့ ၊ မိမိဘာသာလူမျိုးစာပေယာဉ်ကျေးမှုချစ်မြတ်နိုးတတ်စေဖို့ အတွက် ကရင်နီစာပေနဲ့ သင်ကြားပေးနေကြပါတယ်။
ကလေးသူငယ်တွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာတွေ သိမ်ငယ်မှုမရှိစေဖို့ ခွန်အားရစေဖို့ မိမိကိုယ်ကိုယုံကြည်မှုရှိတတ်လာဖို့အတွက် လည်းတစ်ဖက်တစ်လမ်း သင်ကြားပေးနေတာဖြစ်ပါတယ်။

မိဘတွေကဘက်ကလည်း ကလေးသူငယ်တွေရဲ့ အချိန်ပေးဖို့ထက် စားဝတ်နေရေးအတွက် တောင်ယာလယ်ယာသွားနေသူတွေရှိကြတဲ့သူရှိသလို၊ နွေရာသီမှာ ရေရှားပါးဒဏ်ခံနေရလို့ သောက်သုံးရေအတွက်လည်း ပူပင်ရ ၊ ရှာဖွေသွားခပ်ယူနေကြတာနဲ့ ရုန်းကန်လှုပ်ရှားနေကြရတာပါ။

လူငယ်လူရွယ်တွေကလည်း စစ်အာဏာရှင် အလိုမရှိကန့်ကွက်ဆန္ဒပြချီတက်သွားကြတဲ့သူ ရွိသလို ၊ ကျေးရွာတွေမှာ လုံခြုံရေးအလှည့်ကျ တာဝန်ယူနေရသူတွေနဲ့ မအားလပ်နိုင်ကြပါဘူး။

ဒါကြောင့် ကျေးရွာတချို့တွေမှာတော့ စေတနာ့ဝန်ထမ်းတွေကနေပြီး ကလေးသူငယ်တွေအတွက် ပညာရေးအခွင့်အရေးမဆုံးရှုံးစေဖို့ နိုင်ငံသားအသိပညာတွေ ရရှိစေဖို့အတွက် တစ်ဖက်တစ်လမ်း ကေန ကူညီသင်ကြားပေးနေကြတာဖြစ်ပါတယ်။

spot_img
spot_img

Recent posts