spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ဧပြီ ၂၀ ရက်နေ့ ငွေတောင်ဆည်မှာ စစ်အာဏာဆန့်ကျင်တဲ့ ငါးမျှားသပိတ်ကို ပြုလုပ်ခဲ့ပြီး စစ်အာဏာကို နည်းအမျိုးမျိုးနဲ့ ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

သပိတ်ဦးဆောင်သူတစ်ဦးက ငါးမျှားသပိတ်ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို အခုလို ပြောပြပါတယ်။

” လူတွေက အားလုံးစိတ် မွန်းကြပ်နေလို့လေ။ ဒါကြောင့်မလို့ သူတို့လည်း စိတ်ထွက်ပေါက်တစ်ခုရအောင် ဆိုပြီး ကျနောတို့ အဲ့လို ရည်ရွယ်ချက်ရှိတယ်။ ဒါကြောင့်မလို့ သူတို့လည်း မပျော်ရွှင်ရတာလည်း ကြာပြီ တစ်ချိန်လုံး စစ်အစိုးရပဲ ကြောက်လန့် ဆိုတဲ့ ပုံစံမျိုးနဲ့ နေနေရတော့ သူတို့လည်း စိတ်ထွက်ပေါက်တစ်ခုအနေနဲ့ ရကောင်းရနိုင်မလား ဆိုပြီး ကျနောတို့ လုပ်ပေးရခြင်း ဖြစ်ပါတယ်။ ”

ငါးမျှားသပိတ်မှာ ပါဝင်ကြတဲ့ သူတွေကို ပထမဆုနဲ့ ဒုတိယဆု ချီးမြင့်ပေးခဲ့ပါတယ်။ ငါးအကောင်ကြီးဆုံးကို ပထမဆု အနေနဲ့ ငွေကျပ်သုံးသောင်းနဲ့ ငါးအကောင်ရေ အများဆုံး ရရှိတဲ့သူကို ဒုတိယဆုအနေနဲ့ ငွေကျပ် ၂သောင်း ချီးမြင့်ခဲ့ပါတယ်။

ငါးမျှားသပိတ်မှာ ပါဝင်တဲ့ အမျိုးသမီးတစ်ဦးကတော့ ပါဝင်ရခြင်းကို အခုလို ပြောပါတယ်။

” စစ်အာဏာရှင် ဆန့်ကျင်တဲ့ အနေနဲ့ လည်း ပါဝင်တယ်။ ပြီးတော့ ကိုယ့်ဝါဿနာပါတာလည်း ပါတယ်။ ငါးတော့ သိပ်မမျှားတတ်ဘူးပေါ့။ ဒါပေမယ့် ဒီ စစ်အာဏာရှင် ဆန့်ကျင်တဲ့ အနေနဲ့ ဒီငါးမျှား သပိတ်မှာ ပါဝင်ရခြင်း ဖြစ်ပါတယ်။ ”

ငါးမျှားသပိတ်မှာ လာရောက်ဝန်းရံပါဝင်တဲ့ လူငယ်တစ်ဦးကတော့ စစ်အာဏာဆန့်ကျင်တဲ့အနေနဲ့ လာရောက်ပါဝင်ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

” ကျနောတို့ လူငယ်တွေအနေနဲ့ ဆန္ဒပြပွဲမှာဆို လူငယ်တွေက များတယ်လေ။ အဲ့တာလိုချင်နေတဲ့ ဒီမိုကရေစီလေ လွတ်လပ်သော ဒီမိုကရေစီကို လိုချင်လို့ ဆန္ဒပြတယ်။ ဖေဖော်ဝါရီ ၁ရက်နေ့က အာဏာသိမ်းလိုက်တဲ့ စစ်အာဏာရှင် ပြုတ်ကျဖို့ ဆိုပြီးတော့ နှစ်ခုရည်ရွယ်ပြီးတော့ လာတာ ဝန်းရံပေးတာ။ ”

ငါးမျှားသပိတ်မှာ လာရောက်ပါဝင်တဲ့ အမျိုးသမီး တစ်ဦးကတော့ သပိတ်တိုင်းလိုလိုမှာ ပါဝင်ဖြစ်ကြောင်း ပြောပါတယ်။

” ဘယ်သူမဆို သေမှာတော့ ကြောက်တာပဲလေ ဒါပေမယ့် ကျမတို့ရဲ့ အနာဂတ် သားသမီးတွေ ရှိသေးတယ်။ မျိုးဆက်သစ်အတွက် ကျမတို့ ဒီတိုက်ပွဲ မဝင်ခဲ့ဘူး ဆိုလို့ရှိရင်တော့ ကျမတို့ရဲ့ အနာဂတ်က ပျောက်သွားမှာပဲ အ့ကြောင့် တိုက်ပွဲဝင်မှ ဖြစ်မယ် ဆိုတဲ့ စိတ်နဲ့ ကျမတို့ သပိတ်တွေကို သွားနေတာပေါ့။ ”

ငါးမျှားသပိတ်မှာ လူအင်အား ၂၀၀ကျော်လောက်ပါဝင်ခဲ့ပြီး ပထမဆုံး ပြုလုပ်တဲ့ ငါးမျှားသပိတ်လည်း ဖြစ်ပါတယ်။ ဒီးမော့ဆိုမြို့မှာဆိုရင် မြို့နယ်လုံးကျွတ်သပိတ်ကို နှစ်ရက်ခြားတစ်ကြိမ် ပြုလုပ်ပြီး စစ်အာဏာကို ဆန့်ကျင်နေကြတာ ဖြစ်ပါတယ်။

spot_img
spot_img

Recent posts