spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အရေးတော်ပုံမအောင်မချင်း ပြည်သူလူထုနဲ့အတူ ဆက်လက် ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ CDM ရဲတပ်ဖွဲ့ဝင်များပြော

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

စစ်အာဏာရှင်စနစ်ဆန့်ကျင်လုပ်ရှားနေကြတဲ့ ပြည်သူလူထုနဲ့အတူ အရေးတော်ပုံမအောင်ချင်း စစ်ကောင်စီကို ဆက်လက် ပူးပေါင်းတိုက်ခိုက်သွားမယ်လို့ CDM ပူးပေါင်းပါဝင်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

“ကျတော်တို့ကတော့ အရေးတော်ပုံမအောင်မချင်း ဒီလိုပဲပြည်သူလူထုနဲ့ပူးပေါင်းပြီးတော့ အခု သူတို့ညွှန်ကြားမယ့် NUG အစိုးရညွှန်ကြားမယ့်အစီအစဉ်အတိုင်း ကျတော်တို့ လျှောက်သွားမယ်။ အရိုးကြေကြေ အရည်ခမ်းခမ်း ကိုယ်နိုင်ရာဝန်ကို ခုနကပြောသလိုပဲ နှမ်းတစ်စေ့၊ ရေတစ်စက်၊ အုတ်တစ်ချပ်၊ သဲတစ်ပွင့်နဲ့ ဆက်လက်ပြီး ပါဝင် ပူးပေါင်းတိုက်ခိုက်သွားပါမယ်” လို့ လွိုင်ကော်မြို့ ခရိုင်လုံခြုံရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်တဲ့ CDM ရဲတပ်သားတစ်ဦးက ပြောပါတယ်။

လူထုနဲ့အတူ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလုပ်ရှားမှုကို ကယားပြည်နယ်မှ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော်က ဖေဖော်ဝါရီလ ၁၀ရက်နေ့ ပြည်သူလူထုရှေ့မှာ စတင်ပါဝင်လာခဲ့ပြီး ရဲတပ်သား၊ ဒုရဲအုပ်၊ ယာဉ်ထိန်းရဲ အဆင့်ရှိတဲ့ ရဲဝန်ထမ်းတွေလည်း ပါဝင်လာခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိခြင်း၊ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် CDM ပြုလုပ်နေကြသလို ပြည်နယ်အတွင်းမှာ CDM ပြုလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၂၀၀ကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ CDM ပြုလုပ်တဲ့ အများဆုံးပြည်နယ်ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာပြည်သူတွေပေးတဲ့ လစာကိုစားပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြည်သူကို ချစ်ကြောင်းပြနိုင်တဲ့ အခွင့်အရေးဖြစ်တဲ့အတွက် အာဏာရှင်စနစ်ကို ပြည်သူနဲ့အတူ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားဆောင်းမြို့နယ် ဖားဆောင်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ CDM ရဲတပ်သားတစ်ဦးကလည်း အခုလိုပြောပါတယ်။

“ကိုယ်ကလည်း မြန်မာနိုင်ငံမှာနေ မြန်မာနိုင်ငံမှာစားပြီးတော့ မြန်မပြည်သူတွေပေးတဲ့ လစာကိုစားနေရတယ်လေ။ အဲ့တော့ ပြည်သူတွေရဲ့ တာဝန်ကို တစ်ခါတစ်လေတော့ ကျေပွန်သင့်တယ်ပေါ့။ ပြောရမယ်ဆိုရင်တောင် ဒါရှားပါးတဲ့အခွင့်အရေးလို့ ပြောရမယ် ပြည်သူတွေကို ရဲတွေကချစ်ကြောင်းပြနိုင်တဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ။ ကျန်တဲ့အချိန်တွေကို ပြည်သူတွေက ကိုယ့်ကို ပြည်သူတွေက ထုံးစံအတိုင်း မြင်ရင်မြင်သမျှ အကောင်းမြင်တဲ့သူရှိမယ် ဆူဆဲနေတဲ့သူရှိမှာပဲ ဒါကိုပြနိုင်တဲ့တစ်ခုထဲသော အခွင့်အရေးပေါ့ အဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင်လိုက်ရတယ်။ ကိုယ့်ရဲ့စိတ်ရင်းခံကိုက ပြည်သူဖက်ကပဲ ပြည်သူကနေ မွေးဖွားလာလို့ ပြည်သူရဲ့သားသမီးမို့လို့ ပြည်သူဖက်ကို ပါဝင်ပြီး ပူးပေါင်းတိုက်ခိုက်တာပါ”

ဖေဖော်ဝါရီလ ၁၀ ရက်နေ့စပြီး လက်ရှိအချိန်ထိ CDM ပြုလုပ်နေကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ၎င်းတို့မိသားစုဝင်တွေက စားဝတ်နေရေးအခက်အခဲကြုံနေရခြင်း၊ CDM ပြုလုပ်တဲ့ရဲတချို့တွေရဲ့ပုံကို မြင်သာတဲ့နေရာမှာလိုက်ကပ်ထားပြီး ဖမ်းဝရမ်းထုတ်ထားခြင်း၊ နေအိမ်ကို စောင့်ကြည့်ခြင်း၊ ရဲတပ်ဖွဲ့ဝင်အချင်းချင်းကြား လူမျိုးရေးသွေးခွဲမှုရှိခြင်း၊ စိတ်လုံခြုံမှုမရှိခြင်း စတဲ့အခက်အခဲ၊ စိုးရိမ်မှု၊ စိန်ခေါ်မှုတွေနဲ့ ကြုံနေရတယ်လို့ CDM ရဲတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

“ဒါကျတော်တို့မိသားစုအရေးမဟုတ်ပါဘူး တစ်နိုင်ငံလုံးအရေး အမျိုးသားရေး ဒါကြောင့် ဘယ်လောက်ပဲ စိုးရိမ်မှုတွေရှိနေပါစေ ကိုယ်မှန်ကန်တဲ့လမ်းလျှောက်ခဲ့ရင် မှန်သောတရားဆိုတာ ဘယ်တော့မှ ကွယ်ရာမှာမရှိတဲ့အတွက်ကြောင့် ကျတော်တို့ပြည်သူလူထုနဲ့ လုံးလုံးလျားလျား အခက်အခဲကြားနေက ဆုံးဖြတ်ပြီး ပူးပေါင်းရခြင်းဖြစ်ပါတယ်” လို့ CDM ရဲတပ်သားက ပြောဆိုပါတယ်။

CDM ပြုလုပ်တဲ့ရဲတပ်ဖွဲ့တွေကို စစ်ကောင်စီအုပ်စုမှ ပြန်လည်ခေါ်ဆောင်မှုတွေရှိနေပေမယ့်လည်း CDM လုပ်ရှားမှုကို အဆုံးထိပါဝင်သွားမှာဖြစ်ပြီး လုံခြုံတဲ့နေရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကယားပြည်နယ်အတွင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ သပိတ်မှောက်ပြည်သူတွေကို စစ်တပ်နဲ့ ရဲတွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့တာကြောင့် ဧပြီလ ၂၇ရက်နေ့အထိ ကျဆုံးသူ ၃ ဦးရှိနေပြီဖြစ်ပါတယ်။

spot_img
spot_img

Recent posts