spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

အရှိန်ကောင်းနေဆဲဖြစ်တဲ့ ဒီးမော့ဆိုမြို့နယ်လုံးကျွတ်သပိတ်

Author

Date

Category

ဒီးမော့ဆိုအနောက်ဘက်ခြမ်း လိုပူ(နယောင်လာ)ကျေးရွာမှာ မေလ ၆ရက်နေ့က မြို့နယ်လုံးကျွတ်သပိတ်ပြုလုပ်ခဲ့ပြီး ယခုအချိန်အထိ မြို့နယ်လုံးကျွတ်သပိတ်ကို ငြိမ်းချမ်းစွာ အရှိန်မပျက် လုပ်ဆောင်နေတာဖြစ်ပါတယ်။

နှစ်ရက်တစ်ကြိမ်ပြုလုပ်တဲ့ မြို့နယ်လုံးကျွတ်သပိတ်ကို လူအင်အား ထောင်ချီပါဝင်ခဲ့ပြီး ယနေ့အချိန်အထိ ဖြိုခွင်းခံရတာမရှိသေးပါဘူး။ ဒီးမော့ဆိုသပိတ်ကော်မတီကလည်း CDM ဝန်ထမ်းတွေကို ဖိအားပေးတဲ့သူတွေကို အခုလိုပြောပါတယ်။

” စစ်ကောင်စီတွေ non CDM တွေ လူကြီးတွေ ငယ်သားတွေကို ဖိအားပေးတဲ့နေရာမှာ ကျနော်တို့ သုံးလတိတိအချိန်ပေးပြီးပါပြီ။ အခုချိန်ထိ သူတို့က CDM မလုပ်တုန်းဆိုတော့ ကျနော်တို့ လူထုရဲ့ သဘောထားကို ဆန့်ကျင်တဲ့အတွက် လုပ်စရာရှိတာကို ကျနော်တို့ ဒီနေ့ဒီအချိန်ကစပြီး အစီအစဉ်လုပ်တော့မှာဖြစ်ကြောင်း ကျနော်ထပ်ပြီးတော့ ပြောချင်တယ်။ ”

မြို့နယ်လုံးကျွတ်သပိတ်ကို မတူညီတဲ့နေရာတွေမှာ ပြုလုပ်နေတာဖြစ်ပြီး ဒီကနေ့မှာ ဒီးမော့ဆိုဘောလုံးအားကစားသမားများသပိတ်စစ်ကြောင်း ဆိုပြီး ထပ်မံပါဝင်လာပါတယ်။

ဖရူဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်တွေမှာတော့ စစ်ကောင်စီရဲ့ဖြိုခွင်းမှုတွေကြောင့် ရပ်ကွက်တွင်း ပြောက်ကျားသပိတ်ကိုဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

spot_img
spot_img

Recent posts