ဖမ်းဆီးထားတဲ့ လူငယ် ၇၄ ကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်း နေဆဲလို့ KNPP အတွင်းရေးမှူးပြော

0
2219

ကန္တာရဝတီတိုင်း(မ်)

လူငယ်စွမ်းရည်မြှင့်သင်တန်း တက်ရောက်ပြီး အပြန်မှာ စစ်တပ်က ဖမ်းဆီးလိုက်တဲ့ လူငယ် ၇၄ဦးကို ပြန်လွှတ်ပေးဖို့ ညှိ့နှိုင်းနေဆဲလို့ KNPP အတွင်းရေးမှူး(၂) ဦးဒယ်နီယာယ် ကန္တာရဝတီတိုင်းမ်ကိုပြောပါတယ်။

ဖမ်းဆီးထားတဲ့လူငယ်တွေထဲမှာ ၁၈နှစ်အောက်လူငယ် ငါးယောက်ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ ဖမ်းဆီးထားတဲ့ လူငယ်တွေကို လွတ်ပေးရမယ်လို့ KNPP အတွင်းရေးမှူး (၂) ကပြောပါတယ်။

” ဒီဥပဒေကြောင်းအရဆိုရင် ဖမ်းဆီးပိုင်ခွင့် ချုပ်နိုင်ပိုင်ခွင့်မရှိဘူး။ သူတို့ကတော့ လွှတ်ရမှာပေါ့။ သတင်းကြားတာကတော့ သတင်းပို့လာတာကတော့ သူတို့စီစစ်နေတယ်ပေါ့နော။ တချို့လွှတ်ပေးသင့်တဲ့သူတွေကို လွှတ်ပေးရမှာပေါ့။ “

လူငယ်၇၄ဦးကို ဖရူဆိုမြို့အဝင်ဂိတ်မှာ ဧပြီ ၃၀ကဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကလည်း မေလ (၉)ရက်မှာ ဖမ်းဆီးထားတဲ့ လူငယ်တွေကို အမြန်ဆုံးလွတ်ပေးဖို့ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထားတဲ့ လူငယ် ၇၄ဦးထဲက ၆၉ဦးကို လွိုင်ကော် အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး အသက်၁၈နှစ်အောက် လူငယ် ၅ဦးကိုတော့ အကျဉ်းထောင်တွင်မဟုတ်ဘဲ သီးသန့်ထားရှိတယ်လို့ သိရကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။