ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ဩဂုတ် ၂၈ရက်မှာ ကရင်နီပြည်နယ် လွိုင်ကော်မြို့၊ လွိုင်လင်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲလေးကြိမ်ဖြစ်ရာ ပြည်သူအိုးအိမ်ဆယ်လုံးကျော် ပျက်စီးသွားတယ်လို့ သိရပါတယ်။
ကရင်နီတပ်မတော် ( KA ) ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲေလးကြိမ် ဖြစ်ခဲ့တယ်လို့ KNDFက ဒီကေန့ညမှာ ထုတ်ပြန်ထားပါတယ်။
မနက် ၈နာရီ၊ နေ့လည်နဲ့ ညနေပိုင်းတို့မှာ သုံးကြိမ် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မနက်ပိုင်းမှာ ကွန်နားကျေးရွာ၊ နောင်လုံ ရေကန်အနီး နဲ့ နေ့လည်ပိုင်းမှာ ဒေါတဟေးကျေးရွာ အနီးတို့မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကွန်နားကျေးရွာရှိ နေအိမ်အချို့ ပျက်စီးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
တိုက်ပွဲဖြစ်ပွားရတဲ့အေကြာင်းအရင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အခုလိုပြောပါတယ်။
” ဒီနေ့တိုက်ပွဲအခြေအနေကတော့ စစ်ကောင်စီဘက်ကပဲ ထိုးစစ်ဆင်တာတွေများတယ်။ ကျနော်သိရသလောက်ကတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ စစ်ကောင်စီက ပိုမိုတင်းကျပ်တဲ့ ပိတ်ဆို့မှုမျိုးတွေလုပ်တယ်။ လုံခြုံရေးတွေ ပိုမိုတင်းကြပ်တဲ့အနေအထားမျိုးတွေလုပ်တယ်။ အဲ့တာကြောင့်မလို့ တိုက်ပွဲတွေဖြစ်ကြတာပေါ့လေ။ သဘောကတော့ ကျနော်တို့ KNDF ကော KA ကော ဒီပြည်နယ်မှာပဲရှိနေတဲ့အတွက် ထိုးစစ်ဆင်လို့ တိုက်ပွဲဖြစ်ရတဲ့အခြေအနေပါပဲ။ ”
တိုက်ပွဲအတွင်း အကျအဆုံးကိုေတာ့ အတိအကျမသိရှိရသေးပါဘူး။ တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ နီးစပ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။