spot_imgspot_imgspot_imgspot_img
Saturday, December 21, 2024
spot_imgspot_imgspot_imgspot_img

ဖယ်ခုံမြို့ ရှိ ရွှေပြည်အေးရွာသားများကို အကြမ်းဖက် စစ်ကောင်စီမှ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးထား

Author

Date

Category

ကန္တာရဝတီတိုင်း(မ်)

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် ရွှေပြည်အေးရွာသား ၁၀ယောက်ကျော်ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဖမ်းဆီးထားပြီး လူသားဒိုင်းကာအဖြစ် ခေါ်ဆောင်ထားတယ်လို့ ဒီကနေ့ အောက်တိုဘာလ (၂၈)ရက်နေ့မှာ KNDF- Pekhon Zone က အောက်ပါအတိုင်း သတင်းထုတ်ပြန်ထားပါတယ်။

” ဖယ်ခုံမြို့နယ် ၊ ရွှေပြည်အေးရွာသားများကို အကြမ်းဖက်စစ်အုပ်စုမှ ဖမ်းဆီးကာ လူသားဒိုင်းကာအနေနဲ့ ခေါ်ဆောင်ထားပါတယ်။ ဒါ့အပြင် ရွာထဲ၀င်ပြီး ပြည်သူပိုင်အိမ်များတွင် ပစ္စည်းများရိုက်ခွဲခြင်း၊ပိုက်ဆံများကိုလည်း ဓားပြတိုက်ယူခြင်း၊ ကားများကို အတင်းအဓ္မယူမောင်းခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဖယ်ခုံမြို့တွင် အကြမ်းဖက်စစ်အုပ်စုမှ ပြည်သူအပေါ် မတရားအနိုင်ထက်ကျင့်မှုများ တစ်နေ့ထက်တစ်နေ့ပိုမိုဆိုးရွားစွာ လုပ်ဆောင်လျက်ရှိနေပါတယ်။” လို့ KNDF- Pekhon Zone က အသိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖယ်ခုံမြို့နယ် ကုန်းဆုံကျေးရွာအုပ်စု ကသဲကျေးရွာအနီးတောင်ကုန်းပေါ် တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် လူနေအိမ်၊ ဆေးခန်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

လက်ရှိ ရွှေပြည်အေး(ကသဲ)ကျေးရွာမှ ဒေသခံတွေလည်း ရွာလုံးကျွတ်နီးပါး ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

spot_img
spot_img
spot_img

Recent posts