spot_imgspot_imgspot_imgspot_img
Friday, November 22, 2024
spot_imgspot_imgspot_imgspot_img

ကရင်နီတိုု့ ရဲ့ ရိုုးရာ ဒီးကူ

Author

Date

Category

ယခုလိုဩဂုတ်လ ၊ စက်တင်ဘာလ ၊ အောက်တိုဘာလ အတွင်းဆိုရင် ကရင်နီမျိုးနွယ်စုတွေထဲက ကယား၊ ကော်ယော် (မိုနူမိုနော) ၊ ယင်းတလဲ မျိုးနွယ်စုတို့က နှစ်စဉ်နှစ်တိုင်း ရိုးရာဒီးကူပွဲကို လုပ်လာကြတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်းအများကြီးတည်းက ကရင်နီမျိုးနွယ်စုထဲက လူမျိုးတစ်ခုဖြစ်တဲ့ ပရဲ့ ကယောတိုင်းရင်းသားလူမျိုးတွေဟာ    လည်း ကောက်ညှင်းထုပ်(ဒီးကူ)ပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝ လောက်ကပဲ ဒီးကူလို့ခေါ်တဲ့ ကောက်ညှင်းထုပ်ပွဲတော်ကို မကျင်းပကြတော့ပါဘူးလို့ သိရပါတယ်။

ပရဲ့ကယောတွေရဲ့ ဒီးကူပွဲကို လွန်ခဲ့တဲ့နှစ်ပေါင်း ၄ဝ တုန်းက ဖရူဆိုမြို့နယ်၊ ဒိုမိုစောအုပ်စု ပလေလာရွာကနေ စခဲ့တယ်လို့ သိရပါတယ်။ ပြီးကျမှခီးလိုလာ၊ ဂျေဂျာ၊ ခရော့ခူ စတဲ့ရွာတွေ ဆက်သွားခဲ့ပါတယ်။ အဲဒီတုန်းကတော့ နှစ်စဉ်နှစ်တိုင်း ဒီးကူပွဲကျင်းပ ကြတာဖြစ်ပြီး နောက်ပိုင်းမလုပ်ဖြစ်တာပါလို့ ပရဲ့ကယောအမျိုးသား ဗဟိုကော်မတီ ဥက္ကဌဦးပေါသယ်မောအီကပြောပါတယ်။

ပရဲ့ကယောဒီးကူပွဲ ဆက်လက်ပြီးတော့ မပြုလုပ်တော့တဲ့အကြောင်းအရင်းက လွန်ခဲ့တဲ့ ၄ဝတုန်းက မျိုးနွယ်စုတွေနေထိုင်တဲ့  ဒေသတွေကို စုပေါင်းပြီး ဒီးကူပွဲပြုလုပ်လေ့ရှိကြတယ်လို့ သိရပါတယ်။ ညချိန်မှာ ဒီးကူချက်တဲ့သူတွေက ဒီးကူချက်နေရင်း တူးသွားတဲ့အတွက် အပေါ်ဘက် ဒီးကူပွဲ ကျင်းပတဲ့ မျိုးနွယ်စုတစ်စုက ယဉ်ကျေးမှုနှင့်မကိုက်ညီတော့ကြောင်း ၊ သတ်မှတ်ထားတဲ့ စံနှုန်းနှင့်လည်း မကိုက်တော့သည့်အတွက် နားခိုင်းလိုက်တယ်လို့ဆိုပါတယ်။

ပရဲ့ကယောတွေဟာ ယခင်တည်းက ဒီးကူပွဲကျင်းပရာမှာ ဖိုးဒီကရီမသုံးခဲ့ကြပါဘူးလို့လည်းသိရပါတယ်။ ဒါပေမယ့် တခြား သော မျိုးနွယ်စုတွေကတော့ ဖိုးဒီကရီသုံးခဲ့ကြပါတယ်။ ဘာလို့မသုံးကြတာလဲဆိုတာကတော့ ဂဃနဏ တော့ မသိခဲ့ရပါဘူး။ ဒေလားစို(ဒေါလာစော)ရွာ ၊ မိုဆို စတဲ့ရွာ တို့ဘက်ကလည်း မလုပ်ဘူးလို့သိရပါတယ်။

နောက်ပိုင်းတွေမှာ ဒီးကူပွဲ ပြန်လည်ပြီး ကျင်းပဖို့သင့်မသင့်၊ ဘယ်လိုဆက်လုပ်ဆောင်ကြမလဲ စတာတွေကိုတော့ အမျိုးသားတစ်ခုလုံး၊ ပြည်သူများရဲ့ ခံယူချက်ကို ရယူပြီး နှစ်ပတ်လည်အစည်းအဝေးမှာပြန်ဆွေးနွေးပြီး လုပ်ဆောင်သွားရမယ်လို့ ဦးပေါသယ်မောအီက ပြောပါတယ်။

သမိုင်းအရ ဒီးကူပြန်လုပ်ဖို့ကို အပေါ်ပိုင်း ဒေသဘက်က ခွင့်ပြုမှသာလျှင် တရားဝင်ပြန်ကျင်းပနိုင်မယ်လို့ ဆိုပါတယ်။ ပရဲ့      ကယောတွေပြုလုပ်ခဲ့မိတဲ့ (ဒီးကူတူးသွားတဲ့ပြဿနာ) တစ်ခုကို ပြန်ပြီးခွင့်တောင်းပြီး ပြန်လုပ်ရင် သူတို့ပြန်ခွင့်ပြုမှာပါ လို့ ဦးပေါသယ်မောအီကပြောပါတယ်။ ဒီနှစ်မှာတော့ စုပေါင်းဒီးကူရိုးရာပွဲတော်ကို လွိုင်ကော်မြို့နယ် ဘဲငေါ့ရွာဘက်မှာ စည်ကားသိုက်  မြိုက်စွာ ကျင်းပနိုင်ခဲ့ကြပါတယ်။

ဒီးကူပွဲရဲ့သမိုင်း ရှင်းပြရမယ်ဆိုရင်တော့…. 

သူရဲကောင်းကျဆုံး၍ ကျွန်ဘဝသို့ရောက်ရှိခြင်း

ကွယ်လွန်သူ ကရင်နီအမျိုးသားခေါင်းဆောင် ဆရာကြီးထဲဘူးဖဲ ရေးသားပြုစုခဲ့တဲ့ ကရင်နီလူမှုအဆောက်အအုံ စာအုပ်အရ ယခုခေါ်ဆိုနေကြတဲ့ “ကရင်နီပြည်” ကို ရှေးကရင်နီတွေက “ခနျားမော် ဒီးမော့ဆိုကေး” ခေါ် “ဒွေးမယ်နော်ငွေတောင်ပြည်” လို့ ခေါ်ဆိုကြပါတယ်။ လွန်ခဲ့တဲ့ BC ၇၃၉ လောက်မှာပါ။ ငွေတောင်ပြည်ကို ဒွေးမယ်နော် နတ်သမီးတွေက အုပ်ချုပ်ပါတယ်။

ထိုဒေသမှာ မွေးမွေးချင်း မိခင်ဆုံးပါးသွားခဲ့ရတဲ့ ယောက်ျားကလေးငယ်တဦးဖြစ်တဲ့ “သျှားတူဖဲ” လူလားမြောက်လာတဲ့အချိန် နတ်သမီးတို့က သူ့ကို ဓါးစင်္ကြာတလက်ပေးပြီး ငွေတောင်ပြည်ကို စောင့်ရှောက်ကာကွယ်ခိုင်းခဲ့တယ်။ အဲဒီအချိန်မှာ ယွန်းလူမျိုးတို့က မြောက်အရပ်ကနေပြီး ငွေတောင်ပြည်ကို သိမ်းပိုက်လို၍ ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။

ယွန်းလူမျိုးများက ကရင်နီသူရဲကောင်း သျှားတူဖဲကို နည်းအမျိုးမျိုးနဲ့ လုပ်ကြံသတ်ဖြတ်ပြီး ငွေတောင်ပြည်ကို သိမ်းပိုက်ခဲ့ပါတယ်။ သျှားတူဖဲ ကျဆုံးသွားပြီးနောက် ကရင်နီမျိုးနွယ်စုတို့ဟာ ယွန်းလူမျိုးတို့ရဲ့ လက်အောက်မှာ ကျွန်အဖြစ် ဖိနိပ်ခံကြရပါတော့တယ်။ ယွန်းလက်အောက်ကနေ လွတ်မြောက်ဖို့ ကရင်နီမျိုးနွယ်စုတွေဟာ နှစ်ပေါင်း ၁၀ဝ တိုင် နည်းလမ်းများ အမြဲရှာကြံခဲ့      ကြရပါတယ်။

ဖိုးဒီးကရီ – ကရင်နီတို့ရဲ့အရှင်

သူရဲကောင်း သျှားတူဖဲ ကျဆုံးပြီးတဲ့နောက် “ယယ်ရယ်” လို့ အမည်ရှိတဲ့ ကရင်နီအမျိုးသားလူငယ်တဦးက “ဖိုးဒီးကရီ”ခေါ် နတ်ရုပ်တမျိုးကို တီထွင်ပြီး ယင်းနတ်ရုပ်ဟာ ကရင်နီအမျိုးသားတို့ရဲ့ အရှင်ဘုရင်ဖြစ်ကြောင်း ယွန်းမင်းကြီးထံ တင်ပြပြီး ယနေ့မှစ၍ ကရင်နီတို့အနေဖြင့် ယွန်းတို့ရဲ့ ကျွန်မခံလိုတော့ကြောင်း လျှောက်ထားခဲ့တယ်။ ကရင်နီဘုရင်ကိုချေမှုန်းရန် ယွန်းမင်းကြီးမှ စစ်သည်များဖြင့် ယယ်ရယ်တီထွင် အသက်သွင်းထားတဲ့ ဖိုးဒီးကရီဆီကို စစ်ချီလာပါတော့တယ်။

ကရင်နီတို့ရဲ့ ဘုရင် ဖိုးဒီးကရီပုံပန်းမှာ ဝါးဖြင့်ယှက်လုပ်ထားတဲ့ ပုလိုင်းကိုဇောက်ထိုးထားပြီး ပုလိုင်းဖင်ထိပ်ကိုဖောက်၍ ဝါးဆစ်တဆစ်ကို တပ်ဆင်ထားပါတယ်။ ပုလိုင်းရဲ့ပတ်ပတ်လည်ကို အဝတ်အစား အစုတ်တွေနဲ့ ပတ်ထားတဲ့အရုပ်ဟာ ခေါင်းမရှိတဲ့ လူရုပ်ပုံစံပေါ်လွင်နေပါတယ်။

နေပူ ၊ မိုုးရွာ မရှောင် သူ့ အချိန်နဲ့သူ ၊ ဖိုုးဒီးကရီ ကိုု  သူ့ စံနန်း သိုု့ ပြန်လည် သွားရောက်ပိုု့ဆောင်၊
နေပူ ၊ မိုုးရွာ မရှောင် သူ့ အချိန်နဲ့သူ ၊ ဖိုုးဒီးကရီ ကိုု သူ့ စံနန်း သိုု့ ပြန်လည် သွားရောက်ပိုု့ဆောင်၊

ယွန်းမင်းကြီးမှ သက်ရှိမဟုတ်ဘဲ ဝါး၊ အဝတ်အစားဟောင်းတွေနဲ့ ပြုလုပ်ထားတဲ့အရုပ်ကိုမြင်၍ အမျက်ဒေါသထွက်ပြီး ဖိုးဒီးကရီရုပ်ကို ခြေထောက်ဖြင့်ကန်ချပြီး ရစရာမရှိအောင် နင်းချေပစ်လိုက်ပါတယ်။

 

ကရင်နီအမျိုးသားတို့မှ အရှင်သခင်အဖြစ် ယုံကြည်လေးမြတ်ထားတဲ့ ဖိုးဒီးကရီကို မင်းကြီးမှ အဲသလို မထီမဲ့မြင်ပြုပြီးတဲ့နောက် မိမိနန်းတော်အပြန်လမ်းမှာ ဝမ်းရောဂါကျပြီး ယွန်းမင်းကြီးအပါအဝင် စစ်သည်များစွာ သေဆုံးခဲ့ကြပါတယ်။

ဒီးကူနဲ့စစ်မြေပြင် ရိက္ခာပြဿနာဖြေရှင်းခြင်း

အဲ့ဒီနောက် ယွန်းတွေကိုတိုက်ထုတ်ဖို့ စစ်ပွဲတွေစတင်ပါတော့တယ်။   ယွန်းတို့က ကောက်ညှင်းကို ကြာရှည်ခံနိုင်အောင်     ခေါပုပ်သဖွယ်ပြုပြီး ခမောက်အောက်တွင် ဆောင်းထားကြရာ စစ်မြေပြင်မှာ နေ့ရောညပါစစ်တိုက်ရာတွင်ရိက္ခာပြသနာမပေါ်ခဲ့ကြ  ပေ။  အဲဒီအချက်ကိုယူ၍ ကရင်နီတို့လည်း ဒီးကူခေါ် ကိုင်းပင်တစ်မျိုးနဲ့ ကောက်ညှင်းဆန်ကို ထုပ်ပြီး ဒီးကူကောက်ညှင်းထုပ်ပြု လုပ်ခဲ့ကြရာ ခုနှစ်ရက်အထိ အထားခံပါတယ်။

ဒီးကူကို ကောက်ညှင်း ခပ်သွယ်သွယ်သုံးခုကို တစ်စုတည်းချည်၍ ပြုလုပ်ပါတယ်။ ကရင်နီအနွယ်ဝင် လူမျိုးစုများ ပေါင်းစည်းခြင်းကို ဖော်ညွှန်းသကဲ့သို့ ကရင်နီအမျိုးသားတို့ရဲ့ လက္ခဏာလည်းဖြစ်ပါတယ်။ နေ့ရက် ကြာရှည်ခံတဲ့ ဒီးကူထုပ်နဲ့စစ်မြေပြင်မှာ ရိက္ခာပြဿနာကို ဖြေရှင်းနိုင်ခဲ့ကြတဲ့ ကရင်နီမျိုးနွယ်စုတွေဟာ ယွန်းလူမျိုးတွေကို ငွေတောင်ပြည်ကနေ ဆုတ်ခွာသွားတဲ့အထိ တိုက်ထုတ်နိုင်ခဲ့ကြပါတယ်။

ကျွန်ဘဝမှ လွတ်မြောက်ခြင်း အထိမ်းအမှတ်

BC ၇၃၉ နောက်ပိုင်း ကရင်နီမျိုးနွယ်စုတွေဟာ စာပေမတတ်ကြပါဘူး။ ယွန်းလူမျိုးတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ဟာ အခုလို မိုးရာသီအချိန်မှာဖြစ်တဲ့အတွက် စက်တင်ဘာနဲ့ အောက်တိုဘာလတွေထဲမှာ “ကျွန်ဘဝကနေ လွတ်မြောက်တဲ့ အထိမ်းအမှတ်” အနေနဲ့ ဒီးကူပွဲခေါ် ကောက်ညှင်းထုပ်ပွဲကို နှစ်စဉ်နဲ့အမျှ ကျေးရွာတိုင်းလိုလိုက သူ့ရွာနဲ့သူ ကြက်ရိုးထိုးပြီး ပွဲကျင်းပဖို့ရက်တွေ သတ်မှတ်လာခဲ့ကြတာပါ။

ဂုုဏ်ယူ ဝင့်ကြွား စွာဖြင့် ဖိနပ်မလိုု ၊ နေပူမိုုးရွာ မရှောင် လူကြီးလူငယ် မရွေး အခုု လိုု ရွာတွင်း လှည့်လည် ကာ တအိမ်တက် တအိမ် ဆင်း ပျော်ပွဲ ဆင်နွဲ မှု များ ကနေ ဒီးကူ ထုုပ်ကိုု လက်ဆောင် အဖြစ် အိမ်သိုု့ ယူဆောင်။
ဂုုဏ်ယူ ဝင့်ကြွား စွာဖြင့် ဖိနပ်မလိုု ၊ နေပူမိုုးရွာ မရှောင် လူကြီးလူငယ် မရွေး အခုု လိုု ရွာတွင်း လှည့်လည် ကာ တအိမ်တက် တအိမ် ဆင်း ပျော်ပွဲ ဆင်နွဲ မှု များ ကနေ ဒီးကူ ထုုပ်ကိုု လက်ဆောင် အဖြစ် အိမ်သိုု့ ယူဆောင်။

ဒီးကူပွဲကို ၃ ရက်ကျင်းပပြုလုပ်ရပါတယ်။ တရွာနဲ့တရွာ အပြန်အလှန် လည်ပတ်ပြီး ကခုန်ပျော်မြူးကြရတဲ့အတွက် ယခုလအတွင်းဆို ကရင်နီပြည်မှာ ဒူးကူပွဲကျင်းပတဲ့အချိန်ဘဲ ဖြစ်ပါတယ်။

ပွဲအတွင်း အလည်လာတဲ့ ဧည့်သည်တွေကို အိမ်တိုင်းသို့ ဖိတ်ခေါ်ပြီး ဒီးကူထုပ်၊ ထမင်းဟင်းလျှာ၊ ခေါင်ရည်-အရက်များနဲ့ ဧည့်ခံလှူဒါန်းကြပါတယ်။

ဒီးကူပွဲတော်အတွင်း ရိုးရာဓလေ့ထုံးစံအရ အဆင့်ဆင့် လုပ်ဆောင်ကြတဲ့အချက်များမှာ ဒီးကူရွက်ခူးခြင်း၊ သောလူးခေါ်        ဆွမ်းလောင်းခြင်း၊ ဝေးနေ့ခေါ် နတ်ဆိုးများ မောင်းထုတ်ခြင်း၊ အဲမွီးခေါ် ကလေးများ နာမည်မှည့်ခေါ်ပေးခြင်း၊ အီးလူးမွီးခေါ် နာမည်တူသောသူများကို ခိုင်မြဲစေရန် အသိအမှတ်ပြုလုပ်ခြင်း၊ နတ်မေးရန် ဖိုးဒီးကရီးခေါ် နတ်ရုပ်ပြုလုပ်ခြင်း၊ ပွဲတော်အပြီး       နတ်ပို့ခြင်းတို့ဘဲ ဖြစ်ပါတယ်။

အမျိုးသားအောင်ပွဲကို ရိုးရာအစဉ်အလာနဲ့ ပေါင်းစပ်ထားခြင်း

ဒီးကူပွဲတော်ဟာ ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရာပွဲတော်အသွင်ဆောင်ပေမယ်လို့ အမှန်တော့   “ကရင်နီအမျိုးသားတရပ်လုံးရဲ့ အောင်ပွဲအထိမ်းအမှတ်ပွဲတော်” တခုဘဲ ဖြစ်ပါတယ်။ အသိညာဏ်အတတ်ညာဏ်နဲ့ ဒီးကူထုပ်ကို ရှာကြံတီထွင်နိုင်ခြင်းနဲ့ မိမိတို့ယုံကြည်ကိုးစားကြတဲ့ ဖိုးဒီးကရီးကို ဖန်တီးနိုင်ခဲ့ခြင်းကြောင့် တမျိုးသားလုံး သူ့ကျွန်ဘဝမှ  လွတ်မြောက်ခဲ့ကြတယ်။

စစ်ပွဲ အောင် သည့် အမှတ်လက္ခဏာ အနေဖြင့် ကရင်နီတိုု့ အိမ်တိုုင်း တွင် အခုုလိုု အောင်ပွဲ ဆင် ရိုုးရာအက များဖြင့် ကခုုန်ခြင်း ဖြင့် အောင်မြင်မှု များ ကိုု တအိမ်တက် ၊ တအိမ်ဆင်း သယ်ဆောင်ကြ ပါတယ်။
အမျိုးသားအောင်ပွဲ အမှတ်လက္ခဏာ အနေဖြင့် ကရင်နီတိုု့ အိမ်တိုုင်း တွင် အခုုလိုု အောင်ပွဲ ဆင် ရိုုးရာအက များကခုုန်ခြင်း ဖြင့် အောင်မြင်မှု များ ကိုု တအိမ်တက် ၊ တအိမ်ဆင်း သတင်းကောင်း သယ်ဆောင်ကြ ပါတယ်။

ဒီအထိမ်းအမှတ် မပပြောက်ဖို့အတွက် စာပေမတတ်မြောက်ခဲ့ကြတဲ့ ရှေးခေတ်က ကရင်နီမျိုးနွယ်စုတွေဟာ ရိုးရာအစဉ်အလာတခုလို ယနေ့ထိ ထိန်းထိန်းသိမ်းသိမ်းနဲ့ နှစ်စဉ်နှစ်တိုင်းလိုလို ကျင်းပလာခဲ့ကြတဲ့အတွက် ကရင်နီအမျိုးသားတို့ရဲ့      သမိုင်းအဖြစ်အပျက်မှန်တွေ ယနေ့ကရင်နီအမျိုးသားတွေရဲ့ လက်ထက်မှာ တင်ကျန်နေသေးတာပေါ့။

ဒါ့ကြောင့် ကရင်နီအမျိုးသား တရပ်လုံးအနေနဲ့ လာမည့် ၂၀၁၁ ခုနှစ် စက်တင်ဘာလနဲ့ အောက်တိုဘာလအတွင်း ကရင်နီအမျိုးသားတွေ နေထိုင်တဲ့ နေရာအနှံ့မှာ ကျင်းပပြုလုပ်မည့် “အဲဒူ-ပေါ်မီခေါ် ဒီးကူပွဲတော်” ကို “ပျော်ရွင်ဖွယ် ရိုးရာအစဉ်အလာပွဲလမ်းသဘင်” ဟု မမြင်စေချင်သလို အစဉ်အလာအရ ပွဲတွင်းမှာ ခေါင်နဲ့အရက်တို့ပါ ကျွေးမွေးလှူဒါန်းတဲ့အတွက် “ဒီးကူပွဲဟာ ခေါင်ရည်နဲ့ အရက်သောက်ပွဲ” တခုဟူ၍လည်း မသတ်မှတ်စေချင်ပါ။

ဘာသာရေးယုံကြည်မှုနဲ့ ခေတ်နောက်လိုက်ပါသွားရခြင်း

ကရင်နီအမျိုးသားတို့ကြားမှာ (တခြားဘာသာ ကူးပြောင်း ယုံကြည်လာသောကြောင့်) မိမိမူရင်းဓလေ့ရိုးရာကနေ အလှမ်းဝေးသွားတဲ့ လူမျိုးစုတွေလည်း အတော်များများရှိနေပါတယ်။

ယခုဆိုရင် ကရင်နီပြည် ကျေးရွာအချို့ဟာ (တခြား ဘာသာ ပြန့်ပွားတိုးချဲ့လာသည်နှင့်အညီ) ဓလေ့ရိုးရာအစဉ်အလာတွေ လုံးဝစွန့်လွတ်လိုက်ရပါတယ်။ ဓလေ့ရိုးရာအစဉ်အလာတို့အပေါ် “နတ်စား” ဟူ၍ ဘာသာတခုလို ဘောင်ခတ်သတ်မှတ်ခြင်းနဲ့ တချို့သော ဘာသာတွေက ရိုးရာဓလေ့ကိုအစဉ်အလာမပြတ် လိုက်စားတဲ့အုပ်စုတို့အပေါ် “တယ်ခီးဖူး-အမှောင်လူ      သားတွေ” ဟု ပြစ်တင်ရှုတ်ချခြင်းတို့ဟာလည်း ကရင်နီအမျိုးသားတို့ကြားမှာ အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေတတ်ပါတယ်။

အမျိုးသားအောင်ပွဲသမိုင်း မပပြောက်ရလေအောင် နောင်လာနောက်သားတွေ သိရှိ၊ နားလည်၊ သဘောပေါက်ကြဖို့ ရှေး     ကရင်နီဘိုးဘွားဘီဘင်တို့က မိမိတို့ယုံကြည်ကိုးစားတဲ့ ရိုးရာအစဉ်အလာနဲ့ ထိန်းသိမ်းပြီး လက်ဆင့်ကမ်းလာခဲ့ကြရတယ်လို့ဘဲ မှတ်ယူရမှာပါ။

ယခုခေတ် ကရင်နီလူငယ်မောင်မယ်တို့ အနေဖြင့် ခေတ်ရေစီးကြောင်း နောက်ကိုတပါပါ လိုက်နေကြရပေမည့် မိမိရဲ့ ရိုးရာအစဉ်အလာကို လုံးဝကျောခိုင်းပြီး မေ့ပစ်ဖို့မသင့်သလို ကွဲပြားခြားနားတဲ့ ဘာသာရေးသွန်သင်မှုတို့ရဲ့ နောက်ကို လိုက်နေကြရတဲ့ ကရင်နီအမျိုးသားတို့အနေဖြင့်လည်း မိမိတို့ရဲ့ မူရင်းရိုးရာအစဉ်အလာတို့နဲ့ လုံးဝအလှမ်းဝေးသွားတဲ့ အခြေအနေမျိုးလည်း မဖြစ်သင့်ပါ။

အချုပ်အားဖြင့် နှစ်ပေါင်းထောင်နဲ့ချီပြီး အစဉ်လာမပြတ် ဆောင်ရွက်ကျင့်သုံးလာခဲ့ကြတဲ့ ကရင်နီအမျိုးသားတို့ရဲ့ ရိုးရာအစဉ်အလာနဲ့ အလှမ်းဝေးပြီး လုံးဝကျောခိုင်းသွားခြင်းဟာ ကရင်နီအမျိုးသားတို့ရဲ့ သမိုင်းအဖြစ်အပျက်မှန်ကို ပျောက်ကွယ်စေ     ပါကြောင်း…

ဖိုးဒီးကရီး
– ဖိုး-အဖိုးအဖွား၊ ဒီးကရီး-တော်စပ်သောနတ်

ဖိုးဒီးကရီးကိုပင့်ဆောင်နေကြစဉ်
ဖိုးဒီးကရီးကိုပင့်ဆောင်နေကြစဉ်

– ဖိုးဒီးကရီးနတ်မျိုးမှာ ကရင်နီလူမျိုးတို့၏ အဖိုးအဖွားတော်စပ်သောနတ် (သို့) မြေးတော်စပ်သောနတ်
– အဖိုးအဖွားကဲ့သို့ လေးစားကြည်ညိုသကဲ့သို့ မြေးလိုချစ်သည်။
– နတ်ရုပ်ပြုလုပ်ရာတွင် ရိုးသားဖြောင့်မတ်သူဖြစ်ရမည်။
– တောထဲတွင် ဝါးဆစ်တဆစ် ခုတ်ယူကာ အပေါက်ဖေါက်ပြီး အပေါက်ထဲတွင် မီးကျောက်တလုံး၊ သံမဏီချပ်ငယ်တခုနှင့် ကြက်တောင်ရိုးတခု ထည့်ရသည်။
– ပလိုင်းတလုံးကို ဇောက်ထိုးထား၍ ပလိုင်း၏ ဖင်ကိုဖောက်၍ အထက်ပါ ဝါးဆစ်ကိုတဝှက်ခန့် ထိုးထည့်တပ်ဆင်ရသည်။ အဝတ်ဟောင်းများကို ပလိုင်းနှင့် ပလိုင်းဖင်တွင် တပ်ဆင်ထားသော ဝါးဆစ်တို့ကိုပတ်၍ ချုပ်ထားလိုက်သည်။
– ထို့နောက် ဇောက်ထိုးမှောက်ထားသော ပလိုုင်း၏ ပုံသည် ခေါင်းမပါသည့်လူတဦး ထိုင်နေသလို မြင်ရပါလိမ့်မည်။

 

ဒီးကူ 

အောင်မြင်မှု များ ကိုု သယ်ဆောင်လာပေးမည့် သူများကိုု ဒီးကူဖြင့်   ကြို ဆိုု ဂုုဏ်ပြု ဧည့်ခံ ရန်အတွက် ဒေသ ခံ အိမ်ရှင် မှ ဒီးကူ ထုုပ် ကိုု ချက်ပြုတ်နေပါတယ်။
အောင်မြင်မှု များ ကိုု သယ်ဆောင်လာပေးမည့် သူများကိုု ဒီးကူဖြင့် ကြို ဆိုု ဂုုဏ်ပြု ဧည့်ခံ ရန်အတွက် ဒေသ ခံ အိမ်ရှင် မှ ဒီးကူ ထုုပ် ကိုု ချက်ပြုတ်နေပါတယ်။

– ဒီးကူရွက်သည် ကိုင်းပင်တမျိုး၏ အရွက်ဖြစ်သည်။ ထိုကိုင်းပင်၏ အပွင့်အဖူးများသည် တံမြက်စည်း များပြုလုပ်သည့်          အပင်ဖြစ်သည်။
– ကောက်ညှင်းဆန်ကို ရေမစိမ်ဘဲ အရွက်ထဲကိုထည့်၍ ခတ်သွယ်သွယ်သုံးခုကို နီးဖြင့်တစုထဲ ချည်၍ပြုလုပ်သည်။ ကောက်ညှင်းဆန်စိမ်းနှင့်သေသပ်အောင် ထုပ်ချည်ရသဖြင့်ပညာသားပါသည်။
– ထုပ်ပြီးသော ဒီးကူထုပ်များကို အိုးကြီးထဲရေဖြည့်၍ ပြုတ်ရသည်။

spot_img
spot_img

Recent posts