ကရင်နီပြည်နယ်မှာ စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေကြပါတယ်။ တိုက်ပွဲတွေမှာ စစ်ကောင်စီက ဒေသခံနေအိမ်တွေကို မီးရှို့တာတွေလည်း ရှိနေပါတယ်။
ကရင်နီပြည်နယ်က နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေရဲ့ရင်တွင်းစကားသံကို ကန္တာရဝတီတိုင်းမ်က မေးမြန်းထားပါတယ်။
စိုင်းအောင်သူရကျော် (ဒီးမော့ဆိုမြို့)
အိမ်ပျက်စီးသွားတယ်ပေါ့နော အခုနေစရာလည်းမရှိတော့ဘူး မိဘတွေဆိုရင် အမျိုးအိမ်မှာသွားနေရတယ်ပေါ့နော။ ပြီးရင် ဒီမှာအခြေအနေ နည်းနည်းငြိမ်ရင် ပြန်လာနေမယ်ဆိုရင် နေစရာမရှိဘူး။ အမျိုးတွေဆီပေါ့ မီခိုပြီးတော့ နေမယ်ပေါ့။ ပြီးရင် စားဖို့သောက်ဖို့ကတော့ သူများထောက်ပံ့တာနဲ့ပဲ ရပ်တည်သွားမယ်ပေါ့။ ကျနော့်အိမ်က နှစ်ထပ်တိုက်ပေါ့နော အနောက်မှာမီးဖိုဆောင်တစ်လုံး ၂၆ရက်နေ့ မနက် ၁၀နာရီလောက်မှာ စစ်ကောင်စီက မီးရှို့သွားတယ်ပေါ့။ ကျနော့်အိမ်တန်ဖိုးကတော့ အထဲကတော့ အသုံးအဆောင်ပစ္စည်းတွေပါမယ်ဆိုရင် သိန်း ၃၅၀လောက်ရှိတယ်ဗျ။
ဒေါ်သိန်းဆွေ (ဒီးမော့ဆိုမြို့)
စိတ်နာတယ်ပေါ့ စိတ်နာတယ် ရင်နာတယ်ကိုယ်က ဈေးသွားရင် တစ်မူးတစ်မတ်ဆို စုပြီးမှ အိမ်ဆောက်တယ်။ အိမ်ဆောက်ဖို့ အိမ်တစ်လုံးဆောက်ဖို့ဆိုမလွယ်ကူခဲ့ဘူး။ မီးဖိုဆောင်ဆို တစ်နှစ်တောင်မပြည့်သေးဘူး ကျမတို့နေတာ အရင်တစ်နှစ်ပဲဆောက်ပြီးသွားတယ် သိန်း ၅၀ကုန်သွားတယ်။ အိမ်နဲ့ဆိုင်ကတော့ ကျမ မသိဘူး အဲ့ဒါ တစ်ခါနည်းနည်းပဲထည့်တော့။ မီးဖိုဆောင်က တစ်လုံးတစ်ခဲလုပ်လိုက်ခါကျတော့ သိန်း ၅၀ကုန်သွားတယ်။ နောက် ရှိတဲ့ပစ္စည်းတွေကတော့ ကျမမပြောတတ်ဘူးပေါ့နော တစ်ခါနည်းနည်းဝယ်စုထားတယ်။ နောက်ဆုံးတော့ အဲ့မျိုး မရှိမယ့်ရှိမယ့်နဲ့ အကုန်ပြောင်သွားတော့ ကိုယ်ကဝမ်းနည်းတယ်ပေါ့။ ဝမ်းနည်းတော့ စိတ်လည်းမချမ်းသာဘူး စိတ်မချမ်းသာဘဲ အဲ့အတိုင်းဆက်နေရင် နောက်ခါ ကိုဗစ်ဝင်မှာစိုးရိမ်ရနဲ့ ဘယ်လိုဖြစ်ဖြစ် တစ်ရွာလုံးတောင်မှ ဖြစ်ကျတာပဲလို့ ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ ဆိုပြီး အဲ့လိုမျိုး အားပြန်တင်းထားလို့ အဲ့ကြောင့်မလို့။
ဒေါ်လွီးဇာ (လွိုင်ကော်မြို့)
စစ်ပွဲဖြစ်တယ်ဆိုတာ ကိုယ်တို့ရွာထဲမှာတော့မဖြစ်စေချင်ဘူးပေါ့နော။ ဖြစ်သွားတော့ ကိုယ်တို့အိမ် အများကြီးပျက်စီးသွားတယ်။ အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေ ရေခဲသေတ္တာတွေ မှန်ဘီဒိုဆိုရင်လည်း အကုန်လုံးကွဲကုန်တယ်ပေါ့နော ဒီဟာတော့ ထားလိုက်ပါတော့။ ဒီလိုဖြစ်တော့ ကိုယ်တို့ ပြန်နေစရာအိမ်မရှိ ဒီကလေးသုံးယောက်ဆိုရင်လည်း သူများနားမှာပဲ မီခိုပြီးနေနေရတယ်ပေါ့နော ပြန်လာဖို့ကလည်းမလွယ်ဘူးပေါ့နော။ ဒါကြောင့်ဖြစ်နိုင်ရင်လေ တိုက်ပွဲမျိုးလေ ရွာထဲမဖြစ်ရင်တော့ အကောင်းဆုံးပေါ့နော တကယ်လို့ကိုယ်စစ်ရှောင်လိုက်လို့ စစ်ပြေးလို့ ပြန်လာလို့ရတယ်ဆိုရင် ဒီအိမ်လေးတော့ပြန်လာချင်တယ်ပေါ့။ ဒီလိုမျိုး စစ်ရှောင်ဘဝကနေ အိမ်မရှိတဲ့ဘဝ မဖြစ်ချင်ဘူးပေါ့နော။ ဒါကြောင့်မလို့ တိုက်ပွဲဖြစ်တယ်ဆိုတာ ကိုယ်တို့ရွာနဲ့နည်းနည်းလွတ်အောင် လုပ်ပေးနိုင်ရင်တော့ သိပ်အဆင်ပြေမယ်ပေါ့နော။
ဦးကျော်မိုး (ဖယ်ခုံမြို့)
နိုဝင်ဘာလ ၂ရက်နေ့ စစ်ကြောင်းထိုးပြီးတော့ နိုဝင်ဘာလ ၃ရက်နေ့ဆို ကျနော်တို့ရွာကိုဝင်တယ်။ဝင်ပြီးတော့ ကျနော်တို့ရွာကို မီးရှို့သွားတယ်။ ဘာလို့ဆို သူတို့လည်း ရည်ရွယ်ချက်ရှိရှိလား ဘာလားတော့ ကျနော်တို့မသိဘူး။ ကျနော်တို့သိရသလောက် အနေအထားဆိုရင် တမင်တကာမရှို့ဘူးဆိုရင် လောင်စရာအကြောင်းမရှိပါဘူး။ အဲ့ဒါပဲ ပြောချင်ပါတယ်။