spot_imgspot_imgspot_imgspot_img
Thursday, March 13, 2025
spot_imgspot_imgspot_imgspot_img

ကင်းလှည့်နေတဲ့ KNDF တပ်သားတစ်ချို့ စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ၄ယောက်ထိမှန်

ကန္တာရဝတီတိုင်း( မ် )

ဒီးမော့ဆိုမြို့နယ် စံပြ ၆မိုင်ကျေးရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KNDF B-09 တို့ ယမန်နေ့ ( ဇွန်လ ၈ရက်နေ့ ) မှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ KNDF ဘက်မှ ကင်းလှည့်နေစဉ် အတွင်း စစ်ကောင်စီတပ်ဘက်က စတင်တွေ့ရှိပစ်ခတ်ခဲ့တာကြောင့် တပ်သား တချို့ ထိမှန်ခဲ့တယ်လို့ KNDF B-09 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အကျအဆုံးကို မသိရဘူးလို့ ဆိုပါတယ်။  

“ ဒီ၆မိုင်ကို ညအချိန်မှာ သူတို့ စစ်ကြောင်းထိုးလာတော့ မနက်အစောကြီးမှာ ကျနော်တို့ ရဲ့ ရဲဘော်က ကင်းလှည့်သွားတော့ အဲ့မှာ သူတို့ ကင်းလှည့်တဲ့ ရဲဘော်ကို သူတို့ ပစ်လိုက်တာ။ ကျနော်တို့ ရဲဘော်နှစ်ယောက်ထိသွားတယ်။ အဲ့ဒီနောက်ဆက်တွဲမှာပဲ တိုက်ပွဲထပ်ဖြစ်တော့ ကျနော်တို့ ရဲဘော်နှစ်ယောက် ရှပ်ထိဒဏ်ရာနဲ့ နှစ်ယောက်ထပ်ထိတယ်ပေါ့နော။ ဒါပေမယ့် မစိုးရိမ်ရဘူး လေးယောက်လုံး။ တိုက်ပွဲကတော့ ၆မိုင်မှာဖြစ်တယ်။ ပြီးသွားတာကတော့ ဒီ ၃နာရီ ၄နာရီမှာပဲ ပြီးသွားတယ်ပေါ့နော။ “ လို့ KNDF B-09 တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ဇွန်လ ၆ရက်နေ့မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ KNDF တို့ စံပြ၆မိုင်ကျေးရွာအုပ်စု ဒေါခလိုက်လင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၅ရက်နေ့မှာလည်း စံပြ၆မိုင်ကျေးရွာအုပ်စု ဘက်တလင်ကျေးရွာအတွင်း နေအိမ်တချို့တွေမှာ ပုန်းအောင်းနေတဲ့ စစ်ကောင်စီကို KNDF တို့က တိုက်ခိုက်ခဲ့ပါတယ်။

စံပြ၆မိုင်ကျေးရွာအုပ်စုမှာ ၅ရက်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက ဗိုလ်တစ်ဆင့်တစ်ဦး အပါအဝင် အကျအဆုံးများပြားနိုင်တယ်လို့ KNDF B-09 က ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ ဇွန်လ ပထမတစ်ပတ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက် ၂၆ဦးထက်မနည်း ကျဆုံးခဲ့တယ်လို့ KNDF က ယမန်နေ့ ( ဇွန်လ ၈ ရက်နေ့ ) မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်မှာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆို၊ ဖရူဆို စတဲ့ မြို့တွေကို အဓိက စစ်ကြောင်းထိုးနေပါတယ်။ ကရင်နီဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။

spot_img
spot_img