spot_imgspot_imgspot_imgspot_img
Friday, January 3, 2025
spot_imgspot_imgspot_imgspot_img

ခုခံတော်လှန်ရေးနေ့မှာ အကျဉ်းသား ၇ ဦးကို ခံဝန်ဖြင့် KSPလွှတ်ပေး

ကန္တာရဝတီတိုင်း(မ်)

ဩဂုတ်လ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက်ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အပြင် ၈ လေးလုံး အရေးတော်ပုံနေ့ ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကရင်နီပြည်ရဲဌာန (KSP) မှ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသား ၇ ဦးကို ဩဂုတ်လ ၉ ရက်နေ့မှာ ခံဝန်ကတိနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ(KSCC)ရဲ့ ညွန်ကြားချက်အရ အကျဉ်းသား (၇)ဦးကို လူသားခြင်းစာနာထောက်ထားမှုနဲ့ ၎င်းတို့ ပြစ်ဒဏ်အသီးသီးမှ ပြစ်ဒဏ်တွေလျှော့ပေါ့ကာ ခံဝန်ကတိနဲ့ တရားဝင်လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်လို့ KSP က ဩဂုတ်လ ၉ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။

 KSP ပြောဆိုခွင့်ရှိတဲ့ ကိုဘိုဘိုက “ ဒီအကျဉ်းသား ၇ ဦး ပြစ်ဒဏ်အမျိုးမျိုးပါတယ်ခင်ဗျ။ မူးယစ်တရားခံလည်းပါတယ်။ ခိုးမှုတရားခံလည်းပါတယ်၊ စသဖြင့်ပေါ့။ ဘယ်လိုပြစ်ဒဏ်မျိုးမှ ရွေးပြီးလွှတ်ပေးတာမျိုးတော့မဟုတ်ဘူးပေါ့နော။ ဘာပြစ်မှုနဲ့ပဲ ပြစ်ဒဏ်ကျနေကျနေပေါ့နော။ ဒီအမှုတွေ နောက်ကျရင် ထပ်မလုပ်တော့ဘူး အဲ့လိုပုံစံမျိုးတွေ ခံဝန်တွေတောင်းတယ်။ ပြီးတော့ သူတို့ရဲ့အခြေအနေပေါ်မူတည်ပြီးတော့မှ ကျနော်တို့က လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပေးရတာပေါ့။ ဒီတစ်ခေါက်လွှတ်တဲ့အထဲမှာ အကုန်လုံးက အမျိုးသားတွေပါပဲ။” လို့ ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

KSP အနေနဲ့ မူးယစ်ဆေးဝါးမှု၊ ခိုးမှု၊ ဆူပူသောင်းကျန်းမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ စစ်ကောင်စီသတင်းပေး၊ Non-CDM၊ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း နဲ့ အခြားရာဇဝတ်မှုကျူးလွန်သူတွေကို လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းဖမ်းဆီးထားပါတယ်။

“ကျတော်တို့က သူ့ဂုဏ်သိက္ခာအဆင့်အတန်းပေါ့နော် လူ့အခွင့်အရေးနဲ့ အညီထားတယ် လွတ်လပ်စွာကွပ်ကဲ ပိုင်ခွင့်ပေးတယ်။ ပြီးရင်သူတို့မိသားစုနဲ့ နှစ်ပတ်တခါ ဆက်သွယ်ခွင့် ဖုန်းပြောပိုင်ခွင့်တွေပေးတယ်။ တခုပဲ တချို့စခန်းတွေက စစ်ကောင်စီက လိုင်းဖြတ်ထားလို့ လုံခြုံရေးအရ ကျတော်တို့ လိုင်းမမိတော့ သူတို့ကို ဆက်သွယ်ဖို့ အခက်အခဲတွေရှိတယ်။”လို့ ကိုဘိုဘိုက ပြောပါတယ်။

နေ့ထူးနေ့မြတ်အထိမ်းအမှတ်အနေနဲ့ ပြစ်ဒဏ်လျှော့ပေါ့တဲ့ အကျဉ်းသားတွေကို ခံဝန်ကတိတောင်းပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဖြစ်ပါတယ်။ KSCC ညွှန်ကြားချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသားများအနက် ၂၀၂၂ခုနှစ် မေလ ၂၆ရက်နေ့မှာ အကျဉ်သား (၂၄)ဦးကို ပထမအကြိမ်၊ ဇွန်လ (၂၁)ရက်နေ့မှာ အကျဉ်းသား (၂၉)ဦးကို ဒုတိယအကြိမ်၊ ဩဂုတ်လ ၉ ရက်နေ့မှာ အကျဉ်းသား ၇ ဦးကို တတိယအကြိမ် စုစုပေါင်း အကျဉ်းသား (၆၀)ဦးကို KSP က ခံဝန်ကတိနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီဖြစ်ပါတယ်။

spot_img
spot_img