spot_imgspot_imgspot_imgspot_img
Sunday, December 22, 2024
spot_imgspot_imgspot_imgspot_img

ထင်းလောင်စာ လျော့ချသုံးနိုင်ဖို့ နည်းစနစ်လိုအပ်တယ်လို့ စစ်ရှောင်တွေပြော

ကန္တာရဝတီတိုင်း(မ်)

စစ်ရှောင်စခန်းတွေမှာ နေ့စဉ်ချက်ပြုတ်စားသောက်ရေးအတွက် အဓိက အသုံးပြုသုံးစွဲနေကြတဲ့ ထင်းလောင်စာ လျော့ချသုံးနိုင်ဖို့ နည်းစနစ်တွေ သင်တန်းတွေပေးဖို့လိုတယ်လို့ စစ်ရှောင်တွေက ပြောဆိုကြပါတယ်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက “ကျွန်မ လိုချင်တာက အဓိကက ဘာလဲဆို‌တော့ ထင်းကိုလောင်စာလျော့သုံးနိုင်မဲ့ နည်းစနစ်တွေပေါ့နော်။ ဒီနည်းစနစ်တွေဖြစ်စေ များတော့အားဖြင့်ပေါ့ ဒီချိန်မှာကိုယ်ပဲ မဟုတ်ပဲနဲ့ စစ်ရှောင်အများကြီးရှိအတွက်ကြောင့် ထင်းကိုများများ ခုတ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ရဲ့သဘာဝ အလှတရား၊ သဘာဝ သစ်ပင်တွေ အများကြီး ထိခိုက်သွားတယ်ပေါ့နော်။ အဲ့ကြောင့်မို့ ကျွန်မ‌တစ်ယောက် အဖြစ်ချင်ဆုံးဆန္ဒက သဘာဝကို ထိခိုက်ဖို့ လျော့ချနိုင်တဲ့နည်းစနစ်က လောင်စာလျော့သုံးနိုင်တဲ့နည်းရယ်၊လောင်စာလျော့သုံးနိုင်တဲ့ပစ္စည်းကို ကျွန်မတို့လိုချင်တာပေါ့နော်”လို့ ဒီးမော့ဆိုအနောက်ခြမ်းက စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြောပါတယ်။

စစ်ရှောင်ကာလကြာလာတာနဲ့အမျှ ယခင်က တောတောင်တွေမှာ ထင်းခြောက်တွေကိုသာ ရှာဖွေခုတ်ရာမှ လက်ရှိမှာတော့ ထင်းအစိုပါ ခုတ်နေရတယ်လို့ ဆိုပါတယ်။ ထင်း ထော်လဂျီတစ်စီးကို ၆သောင်းကျပ်ပေးဝယ်ရတာကြောင့် အလုပ်အကိုင်မရှိတဲ့အတွက် ထင်းဝယ်သုံးစွဲဖို့ မတတ်နိုင်ဘဲ အဝေးမှာ သွားရောက်ခုတ်ယူရတယ်လို့ ပြောပါတယ်။

စစ်ရှောင်တွေဟာ တောတောင်အနီးအနားမှာသာ နေထိုင်ရပြီး လူဦးရေလည်းများပြားသလို ထင်းပိုမိုခုတ်ပါက သဘာဝအလှတရားကိုပါ ထိခိုက်စေနိုင်တဲ့အတွက် ထင်းလောင်စာလျော့ချနိုင်မယ့် နည်းလမ်းကို တောင်းဆိုခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်မတို့ ဒီ ထင်းလို့ပြောလိုက်ရင် အစက အခြောက်ပဲ။ကျွန်မတို့ အခြောက်ကနေခုတ်တယ်ပေါ့နော်။အခြောက်ကနေ နှစ်ပေါင်းကြာလာ တစ်နှစ်ကြာလာတဲ့အခါမှာ ကျွန်မတို့အစိုတွေခုတ်လာတယ်ပေါ့နော်။အဲ့ဒီ အစိုတွေခုတ်လာတဲ့အချိန်မှာ ပတ်ဝန်းကျင်ကိုလဲထိခိုက်နိုင်တယ် ပတ်ဝန်းကျင်ဆိုတာက သဘာဝအလှတရားကိုလဲ ထိခိုက်နိုင်တယ်ပေါ့နော်။” လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ဆက်ပြောပါတယ်။

စစ်ရှောင်တွေဟာ ကျေးရွာအနီးပတ်လည်မှာ ခိုလှုံနေကြရပြီး ထင်းရှာဖွေခုတ်ရတဲ့အတွက် ရွာခံတွေနဲ့လည်း ပဋိပက္ခဖြစ်စေနိုင်တာကြောင့် ရေရှည်အတွက် စိုးရိမ်နေကြတယ်လို့ သိရပါတယ်။

ဒေသတွင်းတိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်တွေဟာ ဆောင်းရာသီအတွင်းအနွေးဒဏ်ရဖို့နဲ့ နေ့စဉ်ချက်ပြုတ်စားသောက်နိုင်ဖို့နဲ့ ထင်းလောင်စာတစ်ခုတည်းကိုသာ သုံးစွဲနေကြရတယ်လို့ သိရပါတယ်။

spot_img
spot_img