KT-FM ကရင်နီဘာသာ အစီအစဉ် မတ်လ ( ၁၆ ) ရက်၊ ၂၀၂၃ ခုနှစ် (ကြာသပတေးနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– လွိုင်ကော်မြို့ မှာ စစ်ရှောင်လာတဲ့ အရပ်သားတွေကို စစ်ကောင်စီက စစ်ဆေး ဖမ်းဆီးနေ
– ဒေါညေးခူဒေသခံတွေရဲ့ စပါးကျီကို စစ်ကောင်စီ မီးရှို့နေ
– ဒီးမော့ဆိုမြို့နယ်အတွင်း စက်သုံးဆီပြတ်လတ်၊ မှာယူရောင်းချလို့မရသေး
– ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကနေ တိမ်းရှောင်ရတဲ့ စစ်ရှောင်ကလေးတချို့မှာ အရေပြားအနာဖြစ်ပွားနေ
– စစ်ရှောင်စခန်းတစ်ခုမှ တပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေကို စားနပ်ရိက္ခာနဲ့ နေရာထိုင်ခင်းရရှိရေးအတွက် စီစဉ်ပေးနေ ဆိုတဲ့သတင်းတွေနဲ့အတူ
” စစ်ရှောင်ရင်း “စစ်ပွဲ” နဲ့ ကြုံရသူများ ” ဆိုတဲ့ ဆောင်းပါးနဲ့
song of week အစီအစဉ် ၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်
KT-FM ကရင်နီဘာသာအစီအစဉ်ကို နေ့စဉ် မြန်မာစံတော်ချိန် ညနေ ၅း၃၀ မှ ၆း၃၀ ထိုင်းစံတော်ချိန် ညနေ ၆ နာရီ မှ ၇ နာရီ အထိ ပုံမှန် ထုတ်လွင့်ပေးလျက်ရှိပါတယ်။