spot_imgspot_imgspot_imgspot_img
Wednesday, February 5, 2025
spot_imgspot_imgspot_imgspot_img

ကယန်းအမျိုးသားပါတီ အတွင်းရေးမှူး ခွန်းကလဲမင်းကွယ်လွန်

ကန္တာရဝတီတိုင်း ( မ် )

ကယန်းအမျိုးသားပါတီ ( KNP ) အတွင်းရေးမှူး ခွန်းကလဲမင်းဟာ မေလ ၇ ရက်နေ့မှာ ကျန်းမာရေးအခြေအနေကြောင့် ကွယ်လွန်သွားခဲ့တယ်လို့ KNP နာယကတစ်ဦးဖြစ်သူ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။

“သူက လွန်ခဲ့တဲ့ ၆ လလောက်က နေမကောင်းဖြစ်ပါတယ်။ နေမကောင်းဘူး တကယ်တမ်း ဆေးကောင်းကောင်းကုရရင်တော့ သူက အန္တာရာယ် ဘားမှ သေလောက်တဲ့အထိ ရောဂါမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် သူကလည်း ဆေးရုံမှာ ဆေးသွားမကုရဲ ဘယ်နေရာမှ မကုရဲ သူက အဲဒီလို တိမ်းရှောင်လိုက် တိမ်းရှောင်ရင်းနဲ့ ခိုးပြီးတော့ ကုသရတာပေါ့ဗျာ။ ကုသရပြီးတော့ နောက်ဆုံးကတော့ ရောဂါက တအားကျွမ်းတဲ့အချိန် ဆေးကမနိုင်တော့ အမှန်က သူက တော်လှန်ရေးဘက်တို့ဘာတို့ လာကုရင်တော့ တကယ့်နယ်စပ်ဘက်ကိုရောက်လာတော့ သူက ဘားမှစိုးရိမ်စရာမရှိပါဘူး။ ဆေးမရှိ ဝါးမရှိ တိမ်းရ ရှောင်ရ ပြေးရ လွှားရနဲ့ နောက်ဆုံးတော့ သူက တာဝန်ကျေပွန်စွာ ထမ်းဆောင်ရင်းနဲ့ သူက ရောဂါနဲ့ သေဆုံးသွားရတာဖြစ်ပါတယ်။” လို့ ခွန်းမားရ်ကိုဘန် ပြောပါတယ်။

ခွန်းကလဲမင်းဟာ KNP ပါတီ စတင်ဖွဲ့စည်းတည်ထောင်ချိန် ၂၀၁၀ ခုနှစ် ကစပြီး ပါတီဝင်အဖြစ် ပါဝင်ခဲ့သလို ပါတီရဲ့ အတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ လွိုင်ကော်ဇာတိကဖြစ်ပြီး အိမ်ထောင်ကျချိန်မှာတော့ ဖယ်ခုံမြို့နယ်မှာ နေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီတပ်ရဲ့ နှစ်ကြိမ်တိုင် ခေါ်ယူစစ်ဆေးခြင်းကို ခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။ အသက် ၄၀ ကျော်ရှိပြီဖြစ်တဲ့ ခွန်းကလဲမင်းဟာ ကယန်းအမျိုးသားပါတီအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သလို အာဏာသိမ်းပြီးနောက်မှာလည်း တော်လှန်ရေးမှာ အဘက်ဘက်ကနေ ပါဝင်ခဲ့သူ တစ်ဦးဖြစ်တယ်လို့ ခွန်းမားရ်ကိုဘန်က ပြောပါတယ်။

spot_img
spot_img