KT-FM ကရင်နီဘာသာ အစီအစဉ် အောက်တိုဘာလ ( ၂၄ ) ရက်၊ ၂၀၂၃ ခုနှစ် ( အင်္ဂါနေ့ )
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– စစ်ကောင်စီတွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သီးနှံရိတ်သိမ်းနေတဲ့ဖယ်ခုံက တောင်သူတွေ စိုးရိမ်နေ
– လက်နက်နဲ့ ကရင်နီပြည်သူ့ရင်ခွင်ထံ ခိုလှုံလာတဲ့ စစ်ကောင်စီ တပ်သားတစ်ဦးကို ဆုငွေသိန်း ၅၀ ချီးမြှင့်
– ဖယ်ခုံဘက်ကို ထပ်ဆင့်စစ်ရှောင်နေရတဲ့ မိုးဗြဲစစ်ရှောင်တွေ အိမ်ငှားခ မတတ်နိုင်တာကြောင့် အခက်ကြုံနေ
– လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းမှာ ဝက်နာကျနေ၊ ကူးစက်ဖြစ်ပွားမှာ စိုးရိမ်
ဆိုတဲ့သတင်းတွေနဲ့ ‘’ အမိမြေက အာဇာနည် ရဲဘော်” ဆိုတဲ့ဆောင်းပါးနဲ့အတူ ယင်းတလဲဘာသာ အစီအစဉ်၊ နိုင်ငံတာကာ အစီအစဉ်၊ ကရင်နီ သီချင်းကောင်းလေးများ၊ နောက်ဆုံးရသတင်းများကိုပါ ဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်။
KT-FM ကရင်နီဘာသာအစီအစဉ်ကို မြန်မာ စံတော်ချိန် ညနေ ၇း၀၀ မှ ၈းဝဝ ထိုင်းစံတော်ချိန် ညနေ ၇း၃၀ မှ ၈း၃၀ ထိ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုတ်ထုတ်လွှင့်ပေးနေပါတယ်။ တစ်ချိန်ထဲမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM ရေဒီယိုလိုင်း 100 mhz နှင့် ကရင်နီပြည်တွင်းမှာ FM ရေဒီယိုလိုင်း 108 mhz ထုတ်လွှင့်ပေးနေပါတယ်။