KT-FM မြန်မာဘာသာ အစီအစဉ် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက် (သောကြာနေ့)
ဒီကနေ့ ထုတ်လွင့်မယ့် သတင်းအကြောင်းအရာတွေကတော့
– အာဏာသိမ်းပြီးနောက်ပိုင်း ကလေးငယ်တွေကို ကာကွယ်ဆေးထိုးနှံပေးနိုင်မှု ၂၅ ရာခိုင်နှုန်းသာရှိဟု ဆို
– ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ ဖွင့်လှစ်မည့် နည်းပညာတက္ကသိုလ်အတွက် ဝင်ခွင့်ခေါ်ယူနေ
– ဒီးမော့ဆိုမြို့နယ်ထဲက ခါနန်စစ်ရှောင်စခန်းမှာ လူဦးရေ သုံးပုံတစ်ပုံခန့် ဝမ်းရောဂါ ဖြစ်ပွားနေ စတဲ့သတင်းတွေအပါအဝင် ဒေသတွင်းသတင်းတွေနဲ့
– “လုံခြုံရေးစိန်ခေါ်မှုတွေကြားက ပညာတတ်ဖို့ ထိုးဖောက်ကြသူတွေ…”
ဆိုတဲ့ ဆောင်းပါးကို ကြားကြရမှာပါ။ အဲဒီနောက်မှာတော့ ကရင်နီဒေသတွင်းသီချင်းတွေနဲ့ voa နိုင်ငံတကာသတင်းတွေကို ဆက်လက်ကြားကြရဖို့ရှိပါတယ်။
KT-FM မြန်မာဘာသာအစီအစဉ်ကို နေ့စဉ် မနက် ၇ နာရီအချိန်တွင် ပုံမှန် ထုတ်လွင့်ပေးနေပါတယ်။ Kantarawaddy Times ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ပေးနေတဲ့ တချိန်တည်းမှာပဲ ထိုင်း-ကရင်နီနယ်စပ်မှာ FM 100 mhz နှင့် ကရင်နီပြည်အတွင်း FM 108 mhz မှာ ရေဒီယို (ဒါမှမဟုတ်) လက်ကိုင်ဖုန်းများဖြင့် ဖမ်းယူနားဆင်နိုင်ပါတယ်။