မင်္ဂလာပါရှင့်…..
ကန္တာရဝတီတိုင်း (မ်) သတင်းဌာနရဲ့ ဇူလိုင်လ ၁၇ရက် ဗုဒ္ဓဟူးနေ့ ရုပ်သံသတင်းအစီအစဉ်ကို ပြန်လည်စတင်နေပါပြီ။
ဒီကနေ့ မှာတော့ သတင်းတွေထဲက
- စစ်ရှောင်စခန်းမှာ အိမ်တွင်းစီးပွားအတွက် လက်မှုပညာ အခမဲ့ သင်တန်းဖွင့်ပေးသွားပါမယ်
- ဒီးမော့ဆို အနောက်ခြမ်းမှာ Mobile Banking တွေကနေ ငွေထုတ်ရန်ခက်ခဲနေပြီး ဆိုင်တချို့မှာငွေထုတ်ယူခ ၁၀ ရာခိုင်နှုန်းအထိ ဝန်ဆောင်ခပေးနေရတယ်လို့ ဆိုပါတယ်။
- မျိုးဆက်သစ်လူငယ်တွေရဲ့ နိုင်ငံရေးစွမ်းရည်မြှင့်တင်ပေးနိုင်ဖို့ “ငိန်းကယန်းထန်” အကယ်ဒမီ အမှတ်စဥ်(၁) သင်တန်းသားခေါ်ယူနေတယ်လို့ ဆိုပါတယ်
- ဖရူဆိုမြို့နယ်က စစ်ဘေးရှောင် နာတာရှည်ဝေဒနာသည်တွေအတွက် ဆေးဝါးလိုအပ်နေပါတယ်
စတဲ့ဒေသတွင်းသတင်းတွေကို တင်ဆက်ပေးသွားမှာပါ…..